Skip to main content

တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက် ပဓာနနာယက ဒေါက်တာ ဘဒ္ဒန္တဓမ္မသီရိ အား အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကျင်းပ

နေပြည်တော် မတ် ၂၈ ၂၀၂၁ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် တော်များ ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာ အခမ်း အနားကို မတ် ၂၇ ရက်တွင် နေပြည်တော် ဥပ္ပါတ သန္တိစေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာ ဗိမာန်တော်ကြီး၌ကျင်းပခဲ့ပြီး ကျန်းမာရေး အခက်အခဲကြောင့် ဘွဲ့တံဆိပ်တော် များ ဆက်ကပ်ပူဇော်ပွဲသို့ တက်ရောက်နိုင်ခြင်းမရှိသည့် ဆရာတော်ကြီးများကို သက်ဆိုင်ရာ နယ်မြေများအလိုက် တာဝန် ရှိသူများက သွားရောက်ဆက်ကပ် ပူဇော်လျက် ရှိသည်။ ဘွဲ့တံဆိပ် ဆက်ကပ်ပူဇော်ခံရသည့် ဆရာတော် ကြီးတစ်ပါးဖြစ်သည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက် ပဓာန နာယက နိုင်ငံတော်ဩဝါဒါ စရိယ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဓန္တဓမ္မသီရိအား ၂၀၂၁ ခုနှစ်၊ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နဂါးနှစ်ကောင် ကျောင်းတိုက်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်ကြည်ညို၍ဘွဲ့တံဆိပ်တော် ဆက်ကပ် ပူဇော်သည်။ အခမ်းအနားသို့ ဘွဲ့ခံဆရာတော်ကြီးဖြစ်သည့် နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော်ကြီးနှင့် ကျိုင်းတုံမြို့၊ သီလဓမ္မကုန်းသာတောရကျောင်းတိုက် ဦးစီးပဓာန နာယက(ဝစီပိတ်) ဆရာတော် ဘဒ္ဓန္တကောဝိဒတို့ အမှူးပြုသည့် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်ဇနီးတို့နှင့်အတူ ကောင်စီဝင် များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဦးစိုင်းလုံးဆိုင်၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များနှင့် ဇနီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ တာချီလိတ်ခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ သာသနာရေးဆိုင်ရာများ လျှောက်ထား အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နဂါးနှစ်ကောင် ကျောင်းတိုက် ဆရာတော်ကြီးထံမှ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးနှင့် ဧည့်ပရိသတ်တို့က ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။ ။ ဆက်ကပ်လှူဒါန်း ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော်ကြီး ဒေါက်တာဘဒ္ဓန္တ ဓမ္မသီရိထံ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်ပူဇော်သည်။ ဆက်လက်ပြီး ဆရာတော်ကြီးအား သင်္ကန်းပရိက္ခရာ များ၊ နဝကမ္မအလှူငွေများနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် နဂါးနှစ်ကောင်ကျောင်းတိုက် ပဓာန နာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တ ဓမ္မသီရိက သမ္မာဒနီယဩဝါဒကထာနှင့် အနုမောဒနာတရား မြွက်ကြားချီးမြှင့်တော်မူရာ နိုင်ငံတော်စီမံ အုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ ဧည့်ပရိသတ်တို့က နာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။ နေ့ဆွမ်းဆက်ကပ် ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး နှင့် အဖွဲ့ဝင်များသည် နဂါးနှစ်ကောင်ကျောင်းတိုက် ပဓာနနာယကဆရာတော်အမှူးပြုသော ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်း ခဲ့ကြသည်။ အားသွန်ကြိုးပမ်းဆောင်ရွက်ခဲ့ အဆိုပါ နဂါးနှစ်ကောင်ကျောင်းတိုက် ပဓာန နာယက ဆရာတော်ကြီးကို မြန်မာသက္ကရာဇ်၁၂၉၀ ပြည့်နှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ ယန်းကိန် ကျေးရွာ၌ ခမည်းတော် ဦးမောင်၊ မယ်တော် ဒေါ်နန်းပင်းတို့မှ မွေးဖွားခဲ့ပြီး ငယ်အမည်မှာ စိုင်းရှဲန်လာဖြစ်ကြောင်း၊ ၁၂၉၉ ခုနှစ်၊ တပေါင်းလဆန်း ၁၅ ရက်တွင် ကျိုင်းတုံမြို့၊ ကျိုင်းယင်း ကျောင်းတိုက် ဆရာတော်ထံ၌ “ရှင်ရှဲန်လာ” အမည်ဖြင့် သာမဏေအဖြစ်သို့ ခံယူခဲ့ကြောင်း၊ ရဟန်းအဖြစ်သို့ ရောက်ရှိချိန်တွင် အရှင်ဓမ္မသီရိအဖြစ် အမည်တွင်ခဲ့ပါကြောင်း၊ နဂါးနှစ်ကောင် ကျောင်းတိုက်၌ စာသင်သား၊ ရဟန်း၊ သာမဏေတို့အား အစိုးရပထမပြန်နှင့် ဓမ္မာစရိယ ဆိုင်ရာ နေ့ဝါညဝါ ပရိယတ္တိစာပေများကို သင်ကြား ပို့ချတော်မူသည့်အပြင် ဓမ္မပဒ (ဂုံရှမ်းဘာသာ)၊ ပိဋကတ်သုံးပုံ(ဂုံရှမ်းဘာသာ)ကျမ်းတို့ကို ရေးသားပြုစုခဲ့ကြောင်း၊ လက်ရှိအချိန်တွင် သက်တော် ၉၁ နှစ်၊ ဝါတော် ၇၁ ဝါရှိပြီဖြစ်ပြီး ဆရာတော်သည် ပုန်းတွန်ကျောင်း၊ နဂါးနှစ်ကောင်ကျောင်း စသည့်ကျောင်းများ အပါအဝင် ကျောင်းတိုက်ပေါင်း ၁၂ တိုက်ကို တည်ထောင်တော်မူခဲ့ပြီး ဗုဒ္ဓသာသနာ ထွန်းကားရေးဆိုင်ရာများကို အားသွန်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြောင်း၊ ဆရာတော် ကြီးသည် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို အလှူခံရရှိတော်မူခြင်း၊ သက်တော်ရှည် သံဃမထေရ် ဖြစ် တော်မူခြင်း၊ ကျမ်းဂန်တတ်သိ ဗဟုသုတနှင့် ပြည့်စုံ ခြင်း၊ လူအပေါင်းတို့၏ အကျိုးစီးပွားကို ဆောင်နိုင်ခြင်း၊ ကျမ်းဂန်များရေးသားပြုစုခြင်း စသည်တို့နှင့် ပြည့်စုံတော် မူသောကြောင့် ယခုကဲ့သို့ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ကို ဆက်ကပ် လှူဒါန်းရခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။ သတင်းစဉ်