Skip to main content

မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ရှင်သန်နိုးကြားမှု မြင့်တင်ခြင်း စီမံကိန်းကို သက်တမ်းတိုးကာလ (၁) နှစ်အတွင်း အပြီးဆောင်ရွက်မည်

နေပြည်တော် မတ် ၂၅

မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ရှင်သန် နိုးကြားမှုမြှင့်တင်ခြင်း စီမံကိန်း FARM project on 3221:09: အဆင့်စီမံကိန်း ဦးဆောင် ကော်မတီ (NPSC) ဒုတိယအကြိမ် အစည်းအဝေးကို ယနေ့နံနက်ပိုင်း က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ဒုတိယ ဝန်ကြီး ဒေါက်တာ အောင်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ စီမံကိန်းတာဝန်ရှိသူ များ တက်ရောက်ဆွေးနွေးကြသည်။

ယနေ့ကျင်းပသည့် အမျိုး သားအဆင့်စီမံကိန်း ဦးဆောင် ကော်မတီ (NPSC) ဒုတိယအကြိမ် အစည်းအဝေးတွင် သက်တမ်းတိုး စီမံကိန်းကာလ () နှစ်အတွင်း ဆောင်ရွက်ရန် ကျန်ရှိသည့် လုပ်ငန်းများကို သတ်မှတ်ကာလ အတွင်း အောင်မြင်အောင် အကောင်အထည် ဖော်နိုင်ရန်၊ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများကို ချေးငွေ သဘော တူ စာချုပ်ပါ စည်းကမ်းချက်များ နှင့်အညီ ဆက်လက် ဆောင်ရွက် ရန်၊ ရေးဆွဲအတည်ပြုထားသော နှစ်စဉ်လုပ်ငန်းစီမံချက်များအား လျင်မြန်သွက်လက်စွာ ဆောင် ရွက်ရန်နှင့် စီမံကိန်း ပူးပေါင်း ဆောင်ရွက်ရေး ယူနစ် (PCU) အတွက် ပြည်တွင်း ကျွမ်းကျင် ပညာရှင်ငှားရမ်းရေးလုပ်ငန်းများ နှင့် စပ်လျဉ်း၍ ဆွေးနွေးဆောင် ရွက်ခဲ့ကြသည်။

မြန်မာ့ စိုက်ပျိုးရေးကဏ္ဍ ရှင်သန်နိုးကြားမှု မြှင့်တင်ခြင်း စီမံကိန်း (Fostering Agricultural Revitalization in MyanmarFARM Project) ကို အပြည်ပြည် ဆိုင်ရာ စိုက်ပျိုးရေး ဖွံ့ဖြိုး တိုးတက်မှု ငွေကြေးရန်ပုံငွေအဖွဲ့ (International Fund for Agriculture DevelopmentIFAD) ထံမှ ချေးငွေအမေရိကန် ဒေါ်လာ ၁၆ ဒသမ ၆၆၀ သန်းနှင့် ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ၀ ဒသမ ၆၆၉ သန်းဖြင့် ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလထိ စီမံကိန်းကာလ (၆) နှစ် ဆောင်ရွက်ခဲ့ခြင်းဖြစ် သော်လည်း ကိုဗစ်- ၁၉ ကမ္ဘာ့ ကပ်ရောဂါကြောင့် စီမံကိန်း လုပ်ငန်းများ နှောင့်နှေးမှု ဖြစ်ပေါ် ခဲ့၍ စီမံကိန်းကာလ (၁) နှစ် ထပ်မံတိုးမြှင့် ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်း အဝေး အမှတ်စဉ်(၁၉/ ၂၀၂၀) မှ ခွင့်ပြုချက်ရရှိခဲ့ပြီး အပြည်ပြည် ဆိုင်ရာ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုး တက်မှု ငွေကြေးရန်ပုံငွေအဖွဲ့ IFAD နှင့်လည်း သဘောတူညီမှု ရရှိပြီး ဖြစ်သည်။

မြန်မာ့ စိုက်ပျိုးရေးကဏ္ဍ ရှင်သန်နိုးကြားရေး စီမံကိန်း (International Fund for Agriculture DevelopmentIFAD) ထံမှ ချေးငွေအမေရိကန် ဒေါ်လာ ၁၆ ဒသမ ၆၆၀ သန်းနှင့် ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ၀ ဒသမ ၆၆၉ သန်းဖြင့် ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလထိ စီမံကိန်းကာလ (၆) နှစ် ဆောင်ရွက်ခဲ့ခြင်းဖြစ် သော်လည်း ကိုဗစ်- ၁၉ ကမ္ဘာ့ ကပ်ရောဂါကြောင့် စီမံကိန်း လုပ်ငန်းများ နှောင့်နှေးမှု ဖြစ်ပေါ် ခဲ့၍ စီမံကိန်းကာလ (၁) နှစ် ထပ်မံတိုးမြှင့် ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်း အဝေး အမှတ်စဉ်(၁၉/ ၂၀၂၀) မှ ခွင့်ပြုချက်ရရှိခဲ့ပြီး အပြည်ပြည် ဆိုင်ရာ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုး တက်မှု ငွေကြေးရန်ပုံ ငွေအဖွဲ့ IFAD နှင့်လည်း သဘောတူညီမှု ရရှိပြီး ဖြစ်သည်။

မြန်မာ့ စိုက်ပျိုးရေးကဏ္ဍ ရှင်သန်နိုးကြားရေး စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက် ချက်များအရ ယနေ့အထိ စိုက်ပျိုး ရေးအခြေခံအဆောက်အဦး ဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍတွင် စနစ်ကျ လယ်ယာမြေ ဖော်ဆောင်ခြင်း ၃၀၅၀ ဒသမ ၆၄ ဧက၊ ရေသွင်း မြောင်း ဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း ၃၉၈၉၀ ရေနုတ်မြောင်း ဖွံ့ဖြိုး ရေးလုပ်ငန်းပေါင်း ၁၆၈၅၀၀ ခု ကို ဖော်ထုတ်ဆောင်ရွက်နိုင်ခဲ့ပြီး စိုက်ပျိုးရေး အကျိုးရှိစွာ သုံးစွဲနိုင် ရန် ရေအသုံးချသူ များအဖွဲ့ (၁၂၃) ဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့ သည်။ အသိပညာ ဖွံ့ဖြိုးတိုးတက် ရန် ရင်းနှီးမြှုပ်နှံရေးကဏ္ဍတွင် စိုက်ပျိုးစီးပွား အသိပညာပေး စင်တာ(KC) ၅၉ ခု၊ စံပြကွက် ၁၅၈၉ ခု၊ သင်တန်းပေး ဆောင် ရွက်မှု (၁၂၈၃၈) ကြိမ်၊ တောင်သူ ကွင်းသင်တန်းကျောင်း (FFS) ဖွင့်လှစ်နိုင်မှု (၅၉)ကြိမ်၊ အပင် ဆေးခန်း(Plant Clinic)ဖွင့်လှစ် နိုင်မှုပေါင်း (၂၈)ကြိမ် ကို ဆောင် ရွက်ပြီးစီးခဲ့သည်။

အလားတူ ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍတွင် RBF ထောက်ပံ့ကြေး ရရှိပြီး တောင်သူ CIG အဖွဲ့ (၃၄၅)ဖွဲ့၊ RBF ထောက်ပံ့ကြေးရရှိပြီး မြေယာမဲ့ CIGအဖွဲ့(၄၃၃) ဖွဲ့ကိုလည်းကောင်း ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်