လတ်တလော ဖြစ်ပွားနေသည့် Civil Disobedience Movement (CDM) လှုပ်ရှားမှုနှင့် အကြမ်းဖက်ဆန္ဒပြမှုများအပေါ် တာဝန်သိနိုင်ငံ့ဝန်ထမ်း ပြည်သူ တစ်ဦးဖြစ်သော ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယဦး စီးမှူး ဦးဇော်မျိုးဝင်း အား ၎င်း၏ အမြင်နှင့် ခံစားချက်များကို မေးမြန်းပြီး ဖော်ပြလိုက်ပါသည် -
မေး။ ။ လက်ရှိမှာဆိုရင် ဆူပူဆန္ဒပြမှုတွေဖြစ်ပေါ်နေတယ်။ အကြမ်းဖက်ဆန္ဒပြ မှုတွေအပြင် အဲဒီနောက်မှာ မင်းမဲ့စရိုက်ဆန်ဆန် ပြုမူလှုပ်ရှားမှုတွေကြောင့် ပြည်သူတွေအနေနဲ့ ထိတ်လန့်စိုးရိမ်မှုတွေ ဖြစ်ပေါ်နေကြပါတယ်။ ဒီအပေါ်မှာ သုံးသပ်မျှဝေချင်တာရှိရင် ပြောပြ ပေးပါဦး။ ဖြေ ။ ။ အခုဆူပူဆန္ဒပြမှုတွေ ဖြစ်နေတယ်။
နိုင်ငံ့ဝန်ထမ်းတွေနဲ့ ပြည်သူတွေလည်း ပါတယ်။ ပြည်သူတွေထဲကဆိုရင် ရွေးကောက်ပွဲမှာ မဲထည့်ခွင့်မရသေးတဲ့ ၁၇ နှစ်၊ ၁၈ နှစ် မပြည့်သေး တဲ့ ကလေးတွေကအစ လမ်းပေါ်မှာ တွေ့နေရပါ တယ်။ ဒီလိုကလေးတွေကဘာနိုင်ငံရေး ခံယူချက်မှ မရှိသလို နိုင်ငံရေး ဗဟုသုတလည်း မရှိပါဘူး။
လမ်းတွေပေါ် တက်ကြတဲ့အခါ ဆန္ဒပြတဲ့ အထဲမှာ အကြမ်းဖက်လှုံ့ဆော်သူတွေလည်း ရှိပါ တယ်။ ဒီလိုလူမျိုးနဲ့ လူပေါင်း မှားကောင်း မှားနိုင်ပါ တယ်။ ဒီအတွက် ကလေးတွေကို ပြောချင်တယ်။ သူတို့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို မကြိုက်လို့ ဆန္ဒပြတယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံ့ ဝန်ထမ်းတွေကလည်း ရွေးကောက်ပွဲ မဲမသမာမှု အတွက် ဆန္ဒပြချင်ပါတယ် ရမလား။ နိုင်ငံ့ဝန်ထမ်း တွေမှာ နိုင်ငံ့ဝန်ထမ်းဥပဒေဆိုတာ ရှိပါတယ်။ ဒါနဲ့အကျုံးဝင်တဲ့အတွက် ဆန္ဒပြလို့ မရပါဘူး။ ဒီအတွက် ကျွန်တော်တို့က ဘာလုပ်ရသလဲဆိုတော့ ငြိမ်နေရတယ်။ ပြခွင့်မရပါဘူး။ သူတို့ကျတော့ အော်ပြီး ကျွန်တော်တို့ကျတော့ ပြောလို့မရဘူးလား။ ပြောလို့ရရင် ပြောချင်ပါတယ်။ ပြီးတော့ လမ်းပေါ်တက်နေကြတဲ့ ကလေးတွေ ကို ကျွန်တော်ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံရေး ဗဟုသုတ လေးတွေကို ပြန်ပြီးပြောချင်ပါတယ်။ နောက် တစ်ခုက နိုင်ငံ့ဝန်ထမ်းတွေကို ဒီလို CDM လှုပ်ရှား မှုမှာ ပါဝင်နေတာက သူတို့အတွက် ဘာရလဒ် ရလာမလဲဆိုတာနဲ့ အမြင်မှားနေတာတွေကို ပြောချင်ပါတယ်။
မေး။ ။ ဆရာအနေနဲ့ ၁၉၈၈ ခုနှစ်မှာ ကိုယ်တိုင်ဖြတ်သန်းရတဲ့ အတွေ့အကြုံတွေရှိရင် ပြောပြ ပေးပါဦး။ ဖြေ။ ။ အဲဒီအချိန်တုန်းက ကျွန်တော့်အသက်က ၁၃ နှစ်ပါ။ ၁၉၈၈ ခုနှစ်တုန်းက ကျွန်တော် ကြုံတွေ့ခဲ့ရတာတွေ အများကြီးရှိပါ တယ်။ ဒီအတွေ့အကြုံတွေကို ကလေးတွေကို ပြန်ပြောပြချင်တယ်။
အချက်အလက်တွေနဲ့ တစ်ဆင့်ချင်း ပြောပြ သွားချင်ပါတယ်။ ကျွန်တော် ပထမဦးဆုံးစပြီး ပြောပြချင်တာက အခုလက်ရှိ အနေအထားမှာ ဆန္ဒပြတဲ့သူတွေက ဘာတွေကို တောင်း ဆိုတာလဲ။ သူတို့တောင်းဆိုတဲ့အချက်က နံပါတ်တစ်က ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ် ပေးရေး၊ နံပါတ်နှစ်က သမ္မတကြီး ဦးဝင်းမြင့် ပြန်လွှတ်ပေးရေး၊ နံပါတ်သုံးက ရွေးကောက်ပွဲရလဒ် အတည်ပြုရေး၊ ဒီမိုကရေစီရရှိရေး၊ ရုံးမတက်နဲ့ ရုန်းထွက်၊ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို ပြန်လွှတ် ပေးရေး၊ ပြီးတော့ မီးတုတ်မီးတုတ် ရှိရှို့၊ အရေးတော်ပုံ အောင်ရမည်ဆိုပြီး ကြွေးကြော်သံ ၈ ချက် ကို သွားတွေ့ပါတယ်။
ဒီအချက်တွေကို တစ်ချက်ချင်းကို အဓိက ထားပြီး ဆွေးနွေးရမယ်ဆိုရင် ဒီဆန္ဒပြမှုတွေက ဘယ်ကနေ ဘယ်လိုစတင် ဖြစ်ပေါ်လာတာလဲက စရမှာဖြစ်ပါတယ်။ လူတစ်ယောက်က ရလဒ်တစ်ခု ထဲကိုသွားကြည့်လို့ မရပါဘူး။ သူ့ရဲ့ ရှေ့မှာလုပ်ခဲ့တဲ့ အကြောင်းတရားကြောင့် အကျိုးတရားကို ခံစား ရတာဖြစ်တယ်။ ဒါကို သိကြရပါမယ်။ ဒါကြောင့် ကျွန်တော်တို့ အကြောင်းတရားကို အရင်ရှာရမယ်။ အကြောင်းတရားက ဘာတွေကြောင့် ဖြစ်လာ ရတာလဲဆိုတော့ ရွေးကောက်ပွဲ မဲမသမာမှုကြောင့် ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်ပေးရေး၊ သမ္မတကြီး ဦးဝင်းမြင့် ပြန်လွှတ်ပေးရေး၊ ရွေးကောက်ပွဲရလဒ် အတည်ပြုရေးတို့ကို စပြီး ရှင်းပေးပါမယ်။ ဒီသုံးချက်အတွက် အကြောင်း တရားရှိပါတယ်။ သူ့ရဲ့ အကြောင်းတရားကြောင့် မဲမသမာမှုဖြစ်ခဲ့လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတကို ဖမ်းဆီးတယ်။ ဒါက သူ့ရဲ့ လုပ်ရိုးလုပ်စဉ်ပါ။
ဥပမာ ဘတ်စ်ကားပေါ်မှာ ခါးပိုက်နှိုက်ခံရရင် ကားစပယ်ယာက ဘာလုပ်မလဲ၊ ကားပေါ်မှာပါတဲ့ ဘယ်သူမှ ဆင်းလို့မရအောင် တံခါးပိတ်မယ်၊ ရှာဖွေမယ်၊ ရှာလို့မတွေ့ရင်၊ မဖော်နိုင်ရင် ကားကို ရဲစခန်းကို မောင်းမယ်။ အဲဒီအချိန်မှာ ကားပေါ်ပါတဲ့ကျွန်တော်က အလုပ်က အရေးကြီးပါတယ်။ ကျွန်တော်သွားလိုတဲ့အတွက် ဆင်းကျန်ခဲ့မယ်ဆိုရင် မရပါဘူး။ ခါးပိုက်နှိုက်က ကျွန်တော် မဟုတ်ပေမယ့် လက်ရှိကားပေါ်မှာ ပါနေတဲ့အတွက် အကုန် မသင်္ကာမှုဖြစ်နေတဲ့အတွက် ရဲစခန်းကို လိုက်ခဲ့ပြီး စစ်ဆေးမှုခံရမှာပါ။ ရဲစခန်းကိုရောက်မှ စစ်ဆေးပြီး မပါရင် ပြန်ရမှာပါ။ အကုန်လုံးကိုခေါ်ပြီး စစ်ဆေး ရမှာပါ။ ဒီထဲကပေါ်လာတဲ့ တရားခံကို ရဲက ရှာဖွေ ပြီး သက်သေအထောက်အထားနဲ့ အမှုဖွင့်မယ်။ ရဲက သက်သေအထောက်အထားနဲ့ မိခဲ့ရင် တရားရုံး တင်မယ်။ တရားရုံးက သက်သေအထောက်အထား ခိုင်လုံရင် အမိန့်ချမယ်။ အမိန့်ချလို့ ထောင်ကျရင် အကျဉ်းဦးစီးကို ပို့မယ်။ ဒါက သူ့ရဲ့ သဘောတရား အတိုင်း သွားနေတာပါ။
ဒါကို ဘေးလူကနေ ခါးပိုက်နှိုက်က သူ့ရဲ့ မိသားစုကျန်းမာရေး၊ စားဝတ်နေရေးကြောင့် လုပ်ရ တာပဲဆိုပြီး သွားပြောလို့မရပါဘူး။ ရဲက မတရား ဖမ်းဆီးတယ်ဆိုပြီး ပြောလို့မရပါဘူး။ ဒါကပြုသူ ရှိလို့ဖြစ်တာ၊ မပြုဘဲနဲ့ ဒီပြဿနာတွေက ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါနဲ့ပတ်သက်ပြီး တရားသူကြီးကို အပြစ်သွားပြောလို့မရပါဘူး။ တရားသူကြီးကလည်း သူ့လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်သွားရတာ ဖြစ်ပါ တယ်။ အားလုံးက သူ့အကန့်နဲ့သူ သွားတာဖြစ်ပါ တယ်။ ဒါကို ပြည်သူတွေက သိရမှာ ဖြစ်ပါတယ်။
အခုလည်း ဒီအတိုင်းပါပဲ မဲမသမာမှုဖြစ်တယ်။ မဲမသမာမှုဖြစ်တာကို ရွေးကောက်ပွဲရလဒ် အတည် ပြုပေးရေးဆိုပြီး တောင်းဆိုတယ်။ ဒေါ်အောင်ဆန်း စုကြည် ပြန်လွှတ်ရေးကို တောင်းဆိုတယ်။ ဒါကို သွားပြီး တောင်းဆိုလို့ မရပါဘူး။ ခုနကပြောတဲ့ ဘတ်စ်ကား စီးသလိုပဲ။ အားလုံးဟာ စည်းမျဉ်းစည်းကမ်း၊ ဥပဒေအတိုင်း သွားနေကြတာပါ။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မဲမသမာမှုမဖြစ်ခဲ့ ပါဘူးဆိုပြီး လမ်းပေါ်က လူတွေကို ကြည့်လိုက် ပါဆိုပြီး လူမှုကွန်ရက်ပေါ်မှာ တင်ကြတယ်။ ဒါဆိုရင် သူတို့ပြောသလို လမ်းပေါ်မှာက သန်း ၂၀ လောက်ရှိနေကြတယ်။ ဒါက NLDကို ထောက်ခံ တဲ့သူတွေ၊ ဒါဆိုရင် လမ်းပေါ်ကပြည်သူတွေကို တစ်ကန့်စီ ပြန်တွက်ရမယ်။
ပြည်သူမှာ ကလေးနဲ့ လူကြီးရှိပါတယ်။ အဲဒီမှာ မဲပေးခဲ့တဲ့ သန်း ၂၀ ဆိုရင် ကလေးတွေပါ လမ်းပေါ်မှာ မရှိဘူးလား။ ရှိနေတယ်။ မဲမထည့် ရသေးတဲ့ ကလေးတွေပါနေတယ်။ ဒီလိုအသက်
မပြည့်သေးတဲ့ ကလေးတွေကို လမ်းပေါ်မှာ အများကြီးရှိပါတယ်။ ဒါတွေကိုသန်း ၂ဝလို့ ပြောလို့ မရပါဘူး။ ဒါကြောင့် ရာခိုင်နှုန်းပြန်တွက်ရင် ( ၁၀ သန်းတောင် ကျန်ချင်မှ ကျန်တော့မှာ ဖြစ်ပါ တယ်။ ဒါမျိုးတွေ ပြန်နုတ်ရတော့မှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ နိုင်ငံမှာ လူဦးရေက ၅၂ သန်း ရှိတယ်ဆိုရင် ကျန်တဲ့ ၃၂ သန်းက မထောက်ခံတဲ့ သူတွေလို့ ကျွန်တော်တို့ တွက်လို့ရပါတယ်။ သူတို့ ချည်းပဲ ဆန္ဒပြကြမယ်။ ကျွန်တော်တို့ မဲပေးခဲ့တယ်။ ဒါကြောင့်မဲမသမာမှုလုပ်တာကို မထောက်ခံနိုင်ဘူး။ ရွေးကောက်ပွဲရလဒ် အတည်ပြုရေးကိုလက်မခံဘူး။ ဘာကြောင့်လဲဆိုတော့ မဲတွေက အများကြီးကို ကွာဟနေပါတယ်။ မြန်မာနိုင်ငံမှာ ရှိတာကလူဦးရေ ၅၂ သန်း၊ တကယ့်ဆန္ဒမဲလက်မှတ် ရိုက်တာက သန်း၁၀ကျော်နေပါပြီး ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ လူဦးရေထက် မဲလက်မှတ်တွေက ပိုများနေပါတယ်။ ရွေးကောက်ပွဲကော်မရှင်ကစာရင်းနဲ့ အများကြီးကို ကွာဟနေပါတယ်။ သူတို့ ဘက်က တရားပါတယ်လို့ ပြောကြပါတယ်။ ဒါက ( မတရားပါဘူး။ ကျွန်တော်တို့အနေနဲ့ မတရားတာကို ပြောလို့မရပါဘူး။ အဲဒီလို ဖြစ်နေပါတယ်။ ဒါက အကြောင်းတရားရှိလို့ အကျိုးတရား ဖြစ်တာ ဖြစ်ပါတယ်မဲမသမာမှုရှိခဲ့လို့ အခုအချုပ်ကျနေတာ ဖြစ်ပါ တယ်။ ပြီးရင် အမှုတည်ဆောက်တော့မယ်။ အခု သက်သေတွေကို အမှုစစ်ဆေးနေဆဲ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ကျွန်တော်တို့ ပြည်သူတွေကသည်းခံ ပြီး စောင့်စားပေးရပါမယ်။
ကျွန်တော့်အနေနဲ့ ပြောရရင် ၈၈ ခုနှစ်တုန်းက ဖခင်ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျက်နှာနဲ့ နေအိမ် ( အကျယ်ချုပ်၊ ပုဒ်မကလည်း ဘာမှမရှိတဲ့အတွက် ပုဂ္ဂိုလ်ရေးအရ နေအိမ်အကျယ်ချုပ်အနေနဲ့ ထားခဲ့တာ၊ အခုကျတော့ အမှုတွေက တော်တော်လေး များလာပြီ။ နိုင်ငံခြားက မသမာသောနည်းနဲ့ တရားဝင်မဟုတ်ဘဲငွေစီးဆင်းမှုတွေက ရှိနေတယ် ဆိုရင် ပြည်ပနိုင်ငံကို သစ္စာခံတာလို့ ခေါ်ပါတယ်။ ဒါဆိုရင် နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်သစ္စာ
ဖောက်ဖျက်မှု မြောက်သွားပါပြီ၊ ဒီအတွက် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်နဲ့ မဖြစ်နိုင်တော့ပါဘူး။ ဒါက ကျွန်တော့်အနေနဲ့ သုံးသပ်တာပါ။
မေး ။ ။ CDM နဲ့ပတ်သက်ပြီး ဆရာ့အတွေ့အကြုံကို ရှင်းပြပေးပါဦး။
ဖြေ ။ ။ ကျွန်တော်တို့ ဌာနမှာ CDM လုပ်တာတွေ့ရှိပါတယ်။ ကျွန်တော့်ကို ဖုန်းဆက် ပြီး CDM ထဲမှာ ပါဝင်ဖို့ပြောကြပါတယ်။ ကျွန်တော် က မပါဘူးလို့ပြောတယ်။ မပါဘူးဆိုတာက ကျွန်တော် မထောက်ခံချင်တဲ့အတွက်ပါ။ ကျွန်တော် အကုန်လုံးကို လေ့လာကြည့်တဲ့အခါ နိုင်ငံရေး အတွက် CDM မှာ ပါဝင်ချင်တယ်ဆိုရင် ကျွန်တော် တို့ ဘာမှမသိဘဲနဲ့ ပါဝင်လို့ မရပါဘူး။ ။ “ ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေးဆိုရင် လည်း မဖြစ်နိုင်ဘူး၊ သမ္မတကြီး ဦးဝင်းမြင့် ပြန်လွှတ်ပေးရေးဆိုရင်လည်း လုံးဝမဖြစ်နိုင်ဘူး၊ ရွေးကောက်ပွဲရလဒ် အတည်ပြုရေးဆိုရင်လည်း မဖြစ်နိုင်ဘူး၊ သူတို့ တောင်းဆိုလည်း ကျွန်တော့် အနေနဲ့ဆိုရင် မကြိုက်ဘူး၊ လက်မခံနိုင်ဘူး။ ဒါက ကျွန်တော့်အမြင်ကို ပွင့်ပွင့်လင်းလင်းပြောတာပါ။ မေး ။ ။ ၁၉၈၈ ခုနှစ်မှာ ပါဝင်ခဲ့တဲ့ အတွေ့အကြုံကိုလည်း ပြောပြပေးပါဦး။
ဖြေ ။ ။ ကျွန်တော်လည်း ဒီမိုကရေစီရရှိရေးအတွက် အော်ခဲ့ဖူးပါတယ်။ ၁၉၈၈ ခုနှစ်မှာ ကျွန်တော့်အသက် ၁၂ နှစ်၊ ၁၃ နှစ်အရွယ်မြေနီကုန်းမှာ နေပါတယ်။ အဲဒီအချိန်မှာ ကျွန်တော့် အမေက ဓမ္မာရုံလမ်းထိပ်မှာ ပြောင်းဖူးပြုတ်ရောင်းတယ်။ ကျွန်တော်တို့ ငယ်ငယ်က လက်လုပ် လက်စား တော်တော်ဆင်းရဲပါတယ်။ ကျွန်တော့် အစ်မက ဈေးရောင်းနေတဲ့ အမေ့ဆီကို ထမင်း ချက်ဖို့ မီးသွေးဖိုး ပိုက်ဆံသွားတောင်းခိုင်းတယ်။ အဲဒီအချိန်မှာ ကျွန်တော်က မြေနီကုန်းဘက်ကနေတော်လှန်ရေးပန်းခြံဘက် ထွက်သွားတဲ့ လူအုပ်ကို တွေ့ပါတယ်၊ ဒီဘက် ဗိုလ်မိုးလမ်းထိပ်မှာကျွန်တော် အမေ ပြောင်းဖူးပြုတ် ရောင်းနေပါတယ်၊ လူအုပ် ကြီးနဲ့ တွေ့တဲ့အခါ ကျွန်တော် ဘယ်လိုခံစားရသလဲ ဆိုတော့ ကြက်သီးတွေ ထသွားတယ်။ အဲဒီခံစား ချက်က ဒီနေ့အချိန်ထိပါ။ ကျွန်တော်က ဆွဲခြင်းလေး ချပြီး လူအုပ်ကြီးနဲ့ လိုက်သွားပြီး တို့အရေး အော်ခဲ့ ပါတယ်။ ကျောင်းစိမ်းဝတ်စုံလေးနဲ့ပါ။ အပေါ်က အဖြူအင်္ကျီလေး ချွတ်လိုက်ပြီး တီရှပ်လေးနဲ့ရွှေတိဂုံဘုရား တောင်ဘက်မုခ်ရောက်သွားတယ်။ အဲဒီမှာ လူစုကွဲသွားတယ်။
တစ်ဖက်က မြို့တော်ခန်းမကို သွားကြတယ်။ ကျွန်တော်ကတော့ ရွှေတိဂုံဘုရား တောင်ဘက်မုခ် ပါသွားပြီး ဘုရားမှာ တံခါးပိတ်ထားတဲ့အတွက် ညအထိ စောင့်ပါတယ်။ ည ၁၀ နာရီ လောက်မှာ ဘုရားပေါ်တက်ခွင့်ရသွားပါတယ်။ ညရောက်တော့ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဦးကျော်ဟိန်းက ကျွေးတဲ့ အင်ဖက်လေးနဲ့ ထမင်းထုပ်ကို စားခဲ့ရပြီး တစ်ညအိပ်ကြပါတယ်။ မနက်ပိုင်းကျတော့ ရွှေတိဂုံ အရှေ့ဘက်မုခ်ကနေ ဆင်းပြီး ဓမ္မစေတီလမ်းပေါ်ကို သွားတဲ့အချိန် ပစ်တဲ့အခါ ကျွန်တော်လည်း နောက်ကြောင်းပြန်လှည့်ပြီး အင်းလျားလမ်းဘက် ကို ပြေးခဲ့ပါတယ်။ စက်မှုလက်မှုအထက်တန်းကျောင်းဘေးက ဘုန်းကြီးကျောင်းဝင်းထဲကို ဝင်ပြေးပါတယ်။ တပ်က လိုက်ပြီးဖမ်းပါတယ်။ ပုန်းနေတဲ့သူတွေ အကုန်ထွက်ရပါတယ်။အဲဒီအချိန်မှာ စစ်သားတစ်ယောက်က ကျွန်တော့်ကို မင်းလာဦးလို့ ခေါ်ပါတယ်။ မင်းကဘယ်ကလဲလို့ မေးတဲ့အခါ မြေနီကုန်း မြေနီခြံကလို့ ဖြေတော့ နီးနီးလေးပဲ၊ မင်းပြန်တော့လို့ ပြောပါ တယ်။ ကျွန်တော်က မပြန်တတ်ဘူးလို့ပြောတဲ့အခါ မပြန်တတ်ရင် မင်းတစ်နေရာမှာ သွားပုန်းနေ၊ ငါတို့ ပြန်ထွက်သွားပြီးမှ ပြန်တော့လို့ ပြောပါတယ်။
ဒီတပ်မတော်သားရဲ့ ကျေးဇူးကြောင့်ကျွန်တော် ဒီနေ့အထိ အသက်ရှင်နေတာပါ။ ကျွန်တော် ဘုန်းကြီးကျောင်းထဲ ဝင်နေပြီး မနက်ဈေးမှာ ဈေးလာရောင်းတဲ့ကပ္ပိယကနေ ခေါ်ထားခဲ့ပါတယ်။ သူ့မှာ နောက်ထပ်ကျောင်းသား သုံးယောက်လည်း ရှိပါတယ်။ သူတို့ကို ဒီအတိုင်း ပြန်ခိုင်းလိုက်ပါတယ်။ ကျွန်တော်က ငယ်တဲ့အတွက် ဦးဝိစာရလမ်းဘက် ကို ကူးပြီး မနက်ဈေး နောက်ကျောမှာရှိတဲ့ မြေနီခြံ ဘက်ကို လိုက်ပို့ပေးပါတယ်။ ။
၁၉၈၈ ခုနှစ်မှာ ပစ်တယ်၊ တော်တော်လေး ကြမ်းပါတယ်။ ကျွန်တော် ဆက်ပါသွားရင်
သေမှာပါ။ ဘာဖြစ်လို့လဲဆိုတော့မြေပေါ်မြေအောက် အဖျက်သမားတွေက အများကြီး ပါဝင်နေ ပါတယ်။ ဗိုလ်ချုပ်မှူးကြီး စောမောင်လက်ထက် တပ်မတော်သားတွေရဲ့ ကျေးဇူးကြောင့် ဒီနေ့အချိန်မှာ ကျွန်တော် ပြောခွင့်ရတာပါ။ တပ်မတော်သားတွေ ကလည်း လူသားတွေပါ။ ဥပဒေအရ လုပ်ကြရတာပါ၊ အမိန့်ကိုလည်း လွန်ဆန်လို့မရဘူး။ ဒါပေမယ့် ကျွန်တော်တို့လို ပြန်လွှတ်ပေးခဲ့တဲ့ ကျောင်းသား တွေ ရှိပါတယ်။ ဒါတွေက ကျွန်တော် တကယ် ကြုံတွေ့ခဲ့ရတာပါ။
ကျွန်တော်က ပြည်သူတစ်ယောက်အနေနဲ့ ပြောပြတာပါ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကို အမျိုးမျိုးပြောကြတယ်။ အရင်အခြေအနေထက် အများကြီး ပျော့ပျောင်းပါတယ်။ CDM မပါတဲ့ လူတွေကို ခြိမ်းခြောက်တာရှိပါတယ်။ ဒါဆို မပါတဲ့ လူတွေက တောခိုရမှာလား။ ဒါက ၁၉၈၈ ခုနှစ် ကွာတာပါ။ ၁၉၈၈ ခုနှစ်တုန်းက ငါနဲ့မတူ ငါ့ရန်သူ ဆိုတာ မရှိပါဘူး။ တောင်းဆိုတဲ့ သူတွေကတစ်ခုပဲ
တောင်းဆိုပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က တစ်ပါတီစနစ် ပြုတ်ကျရေး တစ်ခုတည်းပါ။ စစ်တပ် ပြုတ်ကျရေး မဟုတ်ပါဘူး။ အာဏာရှင်စနစ် ပြုတ်ကျရေး ဖြစ်ပါတယ်။ ။
အာဏာရှင်ဆိုတာ ပြည်သူက တင်မြှောက်ထား တဲ့ အစိုးရကလည်း အာဏာရှင် ဖြစ်ကောင်းဖြစ်နိုင် ပါတယ်။ ၁၉၈၈ ခုနှစ်နဲ့ အများကြီးကွာပါတယ်။ အခုလူတွေ သေနေတာကိုကြည့်ပြီး ကျွန်တော် စိတ်မကောင်းဘူး။ ခံစားရပါတယ်။ ကျွန်တော်တို့ အရွယ် လူလတ်ပိုင်းတွေ သေကျေနေကြသလို လူငယ်လေးတွေလည်း သေကျေနေကြပါတယ်။ သူတို့ မသေသင့်ပါဘူး။ ၁၉၈၈ ခုနှစ်မှာ ဒီမိုကရေစီ ရရှိရေး အော်ခဲ့ပေမယ့် ဒီမိုကရေစီဆိုတာ ဘာမှန်း မသိဘူး။ မသိဘဲနဲ့ ဒီမိုကရေစီရရှိရေးလို့ အော်ခဲ့ပြီး အသေခံ သွားကြပါတယ်။ အခုကလေးတွေကလည်း ဒီမိုကရေစီဆိုတာ၊ လူ့အခွင့်အရေးဆိုတာ ဘာမှန်း မသိဘဲနဲ့ သူတို့ အော်ကြတယ်။ မသေသင့်ဘဲသေတယ်၊ ဒုက္ခမရောက်သင့်ဘဲ ရောက်တယ်။ တချို့ ဆို နယ်စပ်မှာ ရောင်းစားခံရတယ်လို့ သတင်း တွေလည်း ကြားရတယ်။ မြန်မာ့ရုပ်မြင်သံကြားနဲ့ မြဝတီကနေ ကြေညာတာလည်း ကြားရပါတယ်။
ကောင်းကင်
(ဆက်လက်ဖော်ပြပါမည်)