Skip to main content

ဗန်ကောက်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာမွန်ဂိုလီးယားသံအမတ်ကြီးအဖြစ် မစ္စတာ တူမာ အမ်မာဆာနာ အား ခန့်အပ်ရန် သဘောတူညီ

နေပြည်တော် ဖေဖော်ဝါရီ ၂၆ ဗန်ကောက်မြို့ အခြေစိုက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော မွန်ဂိုလီးယားနိုင်ငံသံအမတ်ကြီး မစ္စတာ တက်စ်ဘီလ်ဂူအန်း တူမာကူ လက် ၏ နေရာတွင် မစ္စတာတူမာအမ်မာဆာနာအား ခန့်အပ်ရန် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်က သဘောတူညီပြီးဖြစ်သည်။ မစ္စတာ တူမာ အမ်မာဆာနာကို ၁၉၈၁ ခုနှစ်၊ စက်တင် ဘာလတွင် မွေးဖွားခဲ့သည်။ ၎င်းသည် မွန်ဂိုလီးယားအမျိုးသား တက္ကသိုလ်မှ ဥပဒေဘွဲ့နှင့် ဂျပန်နိုင်ငံ၊ ကျူရှူးတက္ကသိုလ်မှ မဟာဥပဒေဘွဲ့ ရရှိခဲ့သည်။ ၎င်းသည် ၂၀၀၃ ခုနှစ်တွင် မွန်ဂို လီးယားနိုင်ငံခြားရေး ဝန်ကြီးဌာနသို့ စတင်ဝင်ရောက်ခဲ့ပြီး၊ ၂၀၀၃ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဥပဒေနှင့် ကောင်စစ်ရေးရာဌာနတွင်လည်းကောင်း၊ ၂၀၀၈ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂ အဖွဲ့ အစည်းများဆိုင်ရာ မွန်ဂိုလီးယားအဖွဲ့ရုံးတွင်လည်း ကောင်း၊ ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ မွန်ဂိုလီးယား နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာန၊ ဥပဒေနှင့် စာချုပ်ဌာနတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ်လည်းကောင်း၊ ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ မွန်ဂိုလီးယား နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် စာချုပ်ဌာနနှင့် အပြည်ပြည်ဆိုင်ရာဥပဒေဌာနများတွင် ညွှန်ကြားရေးမှူးချုပ် အဖြစ်လည်းကောင်း တာဝန်အသီးသီး ထမ်းဆောင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှစတင်၍ ထိုင်းနိုင်ငံဆိုင်ရာ မွန်ဂိုလီးယားနိုင်ငံ သံအမတ်ကြီးနှင့် ဗန်ကောက်မြို့အခြေစိုက် အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများဆိုင်ရာ မွန်ဂိုလီးယား အမြဲတမ်းကိုယ်စားလှယ်အဖြစ် တာဝန်ထမ်း ဆောင်လျက် ရှိသည်။ သတင်းစဉ်