နေပြည်တော် ဖေဖော်ဝါရီ ၂၂
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် သြစတြေးလျတပ်မတော်၏ Vice Chief of the Defence Force ဖြစ်သူ Vice Admiral David Johnston AO RAN နှင့် ယနေ့မွန်းလွဲပိုင်းတွင် တယ်လီဖုန်း ဖြင့် ဆွေးနွေးသည်။
ထိုသို့ ဆွေးနွေးရာတွင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် ဒီမို ကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စုဖြစ်ပေါ်စေရေး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်၏အာဏာ ၃ ရပ်ကို ခေတ္တထိန်းသိမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ် ချမှတ်၍ ဆောင်ရွက်လျက်ရှိရာ တည်ဆဲနိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံခြားရေးရာ မူဝါဒများ ပြောင်းလဲခြင်းမရှိဘဲ အရှိန်ဟုန်မပြတ် ဆက်လက်အကောင် ထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ့ တပ်မတော်သည် သြစတြေးလျ တပ်မတော်ကဲ့သို့ ဒီမိုကရေစီတပ်မတော်ဖြစ်ပြီး ဒီမိုကရေစီကို လေးစား တန်ဖိုးထားပါကြောင်း၊ ဒီမိုကရေစီမှာ လူတိုင်းမိမိ သဘောဆန္ဒကို ဥပဒေနှင့်အညီ ငြိမ်းချမ်းစွာ ဆန္ဒဖော် ထုတ်ခွင့်ရှိကြောင်းကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် သိရှိလိုက်နာလျက် ရှိပါကြောင်း၊ အရေးပေါ်ကာလ ၃ ပတ်ကျော်အတွင်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုမှ ရန်လိုသည့် အကြမ်း ဖက်ဆူပူမှု(Riot) များ၊ ၎င်းမှ မင်းမဲ့စရိုက်ဆန်သည့် လူအုပ်စု (Anarchy Mob) အသွင်သို့ပြောင်းလဲခဲ့သည့် နေပြည်တော်၊ မန္တလေး၊ မော်လမြိုင်ဖြစ်စဉ်များနှင့် ပတ်သက်၍လည်း အနည်းဆုံး အင်အား၊ အနိမ့်ဆုံး အဆင့်မှစ၍ ဥပဒေနှင့်အညီ ဖြေရှင်းခဲ့ခြင်းမှအပ ကျန်ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများ၌ အင်အား အလွန်အကျွံသုံး၍ နှိမ်နင်းခဲ့ခြင်း မရှိပါကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအားလုံး ဥပဒေနှင့်အညီသာ အဆင့်ဆင့်ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေး သည်။ ထို့နောက် Vice Admiral David Johnston AO RAN ကလည်း သိလိုသည့်အချက်များကို ပြန်လည် ဆွေးနွေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြန်လည်ဆွေးနွေးခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်