Skip to main content

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မော်တော်ဆိုင်ကယ်၊ သုံးဘီးမော်တော်ဆိုင်ကယ်၊ လူစီးသုံးဘီးမော်တော်ယာဉ်နှင့် ထရော်လာဂျီယာဉ်များ၏ ကနဦးမှတ်ပုံတင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် ရက်ချိန်းရယူခြင်းအား ကြိုတင်စာရင်းသွင်းသည့်စနစ်(Online Booking System) သို့ ပြောင်းလဲကျင့်သုံးမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မော်တော်ဆိုင်ကယ်၊ သုံးဘီးမော်တော်ဆိုင်ကယ်၊ လူစီးသုံးဘီးမော်တော်ယာဉ်နှင့် ထရော်လာဂျီယာဉ်များ၏ ကနဦးမှတ်ပုံတင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် ရက်ချိန်းရယူခြင်းအား ကြိုတင်စာရင်းသွင်းသည့်စနစ်(Online Booking System) သို့ ပြောင်းလဲကျင့်သုံးမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း

 

၁။      ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် Corona Virus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ခွင့်ပြုချက်အရ မော်တော် ဆိုင်ကယ်၊ သုံးဘီးမော်တော်ဆိုင်ကယ်၊ လူစီးသုံးဘီးမော်တော်ယာဉ်နှင့် ထရော်လာဂျီယာဉ်များ၏ ကနဦး မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ရုံးများအားလုံးတွင် ၂၀.၁.၂၀၂၁ ရက် (ဗုဒ္ဓဟူးနေ့) မှစတင်၍ ပြန်လည်ဖွင့်လှစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

၂။       ဝန်ဆောင်မှုလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ပြည်သူများအဆင်ပြေစေရေးနှင့် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် မော်တော်ဆိုင်ကယ်၊ သုံးဘီးမော်တော်ဆိုင်ကယ်၊ လူစီးသုံးဘီးမော်တော်ယာဉ် နှင့် ထရော်လာဂျီယာဉ်များ၏ ကနဦးမှတ်ပုံတင် လုပ်ငန်း ဆောင်ရွက်ရန် ရက်ချိန်းရယူခြင်းအား ကြိုတင်စာရင်းသွင်းသည့်စနစ် (Online booking System)ဖြင့် ၂၀.၁.၂၀၂၁ ရက်(ဗုဒ္ဓဟူးနေ့)မှ စတင်၍ ပြောင်းလဲကျင့်သုံးသွားမည်ဖြစ်ပါသည်။

၃။      မော်တော်ဆိုင်ကယ်၊ သုံးဘီးမော်တော်ဆိုင်ကယ်၊ လူစီးသုံးဘီးမော်တော်ယာဉ်နှင့် ထရော်လာဂျီ ယာဉ်များ၏ ကနဦး မှတ်ပုံတင်ခြင်းလုပ်ငန်း ဆောင်ရွက်လိုသည့် ယာဉ်ပိုင်ရှင်များသည် မိမိကနဦး မှတ်ပုံတင်လုပ်ငန်းဆောင်ရွက်လိုသည့် နေ့ရက်ကို www.rtad.gov.mm Website တွင် Online booking ကို ၁၈.၁.၂၀၂၁ ရက် (တနင်္လာနေ့)မှ စတင်၍ အနည်းဆုံး(၁)ရက်မှ အများဆုံး (၁၀)ရက် အထိ ကြိုတင်ရယူနိုင်ပါသည်။         

၄။      ရုံးဖွင့်ရက်တစ်ရက်လျှင် ရုံးများအလိုက် အောက်ပါစီးရေအတိုင်း အချိန်များခွဲခြား၍ လက်ခံ ဆောင်ရွက်ပေးမည်ဖြစ် ပါသည်-

Announcement for MC New Vehicle Registration (New Paper)2_Page_2.jpg

 

 

၅။      Online အသုံးပြုရန် အသေးစိတ် အချက်အလက်များအား www.motc.gov.mm, www.myanmarrtad.com, www.rtad.gov.mm Website များနှင့်  RTAD HQ Facebook တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ Online Booking  လျှောက်ထားသည့် Appointment Letter ၌ ကြိုတင် ဖော်ပြထားသည့် COVID-19 ကာကွယ်ရေးဆိုင်ရာ လိုက်နာဆောင်ရွက် ရမည့်အချက်များအား သေချာစွာဖတ်ရှု၍ တိကျစွာ အလေးထား လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါသည်။  မရှင်းလင်းသည်များ ရှိပါက အောက်ပါဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်-

Announcement for MC New Vehicle Registration (New Paper)23.jpg

 ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန