နေပြည်တော် ဇန်နဝါရီ ၅
ဆေးတက္ကသိုလ်၊ နောက်ဆုံးနှစ် အပိုင်း (ခ) (ပုံမှန်) သင်တန်းနှင့် သွားဘက်ဆိုင်ရာ ဆေး တက္ကသိုလ် နောက်ဆုံးနှစ် (ပုံမှန်) သင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး စီမံချက် တင်ပြ ခြင်းနှင့် ဘွဲ့လွန်ဆေးပညာ သင်တန်းများဝင်ခွင့်ခေါ်ယူရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် Video conferencing စနစ် ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ဝန်ကြီးဌာန၊ ဦးစီးဌာန အသီးသီးရှိ ဗဟိုအဆင့်မှ ကျေးလက်ကျန်းမာရေးဌာနခွဲများအထိ အဆင့်ဆင့်သော ဝန်ထမ်းများသည် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ဆောင်ရွက် ရုံသာမက ပြည်သူ့ဆေးရုံများ၌လည်း ကုသရေး၊ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးလုပ်ငန်း များကို လည်း လစ်ဟာမှုမရှိစေရေးအတွက် ဆက်လက်ဆောင်ရွက် နေမှုများအား မှတ်တမ်းတင် အသိအမှတ်ပြုပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် လိုအပ်သော ပညာရှင်များ ပြတ်လပ်မှုမရှိရန် မွေးထုတ်လေ့ကျင့်ပေးလျက်ရှိသော ဆေးနှင့် ဆေးပညာ နှီးနွှယ်တက္ကသိုလ် (၁၆) ခုမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာမှူးများ၊ ဆရာ/ ဆရာမများ၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ ဆေးတက္ကသိုလ် နောက်ဆုံးနှစ်အပိုင်း (ခ) (နောက်ဆက်တွဲ) သင်တန်းများနှင့် သူနာပြုတက္ကသိုလ် (နောက်ဆုံးနှစ်) သင်တန်းများ ဖွင့်လှစ်ရေးအတွက် စီမံချက်များရေးဆွဲခဲ့ပြီး COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီသို့ တင်ပြခဲ့ရာ ခွင့်ပြုခဲ့သဖြင့် မကြာမီဖွင့် လှစ်သွား မည်ဖြစ် ပါကြောင်း၊ ယနေ့ အစည်းအဝေးတွင် ဆေး တက္ကသိုလ်၊ နောက်ဆုံးနှစ် အပိုင်း (ခ) (ပုံမှန်) သင်တန်းနှင့် သွားဘက် ဆိုင်ရာဆေး တက္ကသိုလ် နောက်ဆုံးနှစ် (ပုံမှန်) သင်တန်းများ ပြန်လည်ဖွင့်လှစ် နိုင်ရေးနှင့် ဘွဲ့လွန်ဆေး ပညာသင်တန်းများဝင်ခွင့် ခေါ်ယူ ရေးအတွက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနနှင့် သက်ဆိုင်ရာ တက္ကသိုလ် များမှ တာဝန်ရှိသူများ တိုင်ပင်ဆွေးနွေး ရေးဆွဲ ထားရှိသည့် စီမံချက်မူ ကြမ်းများကို တင်ပြမည်ဖြစ်ပြီး တက်ရောက်လာကြသူများ အားလုံးက ပွင့်လင်းစွာ ဝိုင်းဝန်း ဆွေးနွေး ကြ စေလိုပါကြောင်း၊ကျန်းမာရေးစနစ်ခိုင်မာတောင့်တင်းစေရေးအတွက် အရည်အသွေး ပြည့်ဝရုံသာမက ကျင့်ဝတ်လိုက်နာ ဆောင်ရွက်ပြီး ပညာရပ်တိုးတက်ရေးအတွက် သုတေသနပြုမှု အလေ့အကျင့်ကောင်းများရှိသည့် ပညာရှင် များမွေးထုတ်ပေးလျက် ရှိပါကြောင်း၊ ယခုအချိန်တွင် မိမိတို့နိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေသည် အနည်း ငယ် လျော့နည်းလာ သော်လည်း လုံးဝပေါ့ဆ၍မရပါကြောင်း၊ ယခုလက်ရှိတွင် နိုင်ငံ တကာမှလေ ကြောင်းဖြင့် ဝင်ရောက်လာသူ အားလုံးကို (၂) ပတ် အသွားအလာ ကန့်သတ် ပြီး RT PCR နည်းစနစ်ဖြင့် ဓာတ်ခွဲစစ်ဆေးမှုကိုလည်း (၂) ကြိမ်ပြုလုပ် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် သင်တန်း များဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းများနှင့် အညီ ဆောင်ရွက်သွားမည်ဖြစ်ပြီး အင်တာနက်အသုံးပြု Virtual စနစ်များဖြင့်လည်း တွဲဖက် သင်ကြား သွားမည်ဖြစ်ပါကြောင်း၊ ဆရာ/ ဆရာမများ၊ သင်တန်းသား/သူများ အနေဖြင့် လက်တွေ့သင်ကြားမှုများ၊ လူနာများအား စမ်းသပ်ရာ၌ လည်းကောင်း၊ အဖွဲ့ငယ်များဖွဲ့၍ ဘာသာရပ်ဆိုင်ရာ ဆွေးနွေးခြင်း ကိစ္စရပ်များ၌ လည်းကောင်း စိတ်ဝင်စားမှု များသဖြင့် ကိုဗစ်-၁၉ ကာကွယ်ရေး ဆောင်ရန်/ ရှောင်ရန် ကိစ္စများအား မေ့လျော့သွား သည်များ ရှိနိုင်ပါကြောင်း၊သို့ဖြစ်ပါ၍ ယခုသင်တန်းများ ပြန်လည်ဖွင့်လှစ်ရာ၌ ဆရာ/ဆရာမများနှင့် သင်တန်းသား/ သူများအ နေဖြင့် ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းများအား တစ်ဦးနှင့်တစ်ဦး အသိ ပေးခြင်းနှင့် သတိပေးခြင်း များကို မဖြစ်မနေပြုလုပ်ကြရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအား အရင်း အမြစ်ဦးစီးဌာနနှင့် ဆေးနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ် များမှ တာဝန်ရှိ သူများအားလုံး၏ အားထုတ်ကြိုးပမ်းမှုများဖြင့် (၂၀၁၆) ခုနှစ်၊ ဧပြီလမှ ယခုအထိ ဆေးနှင့် ဆေးပညာနှီးနွှယ်ဘွဲ့လွန် သင်တန်းသစ် (၃၄) ခုကို ဖွင့်လှစ် နိုင်ခဲ့ပါ ကြောင်း၊ ထိုသို့ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသူများအားလုံးကို ကျေးဇူးတင်ရှိ အသိအမှတ် ပြုပါကြောင်း၊ ဆေးနှင့် ဆေးပညာနှီးနွှယ်ဘာသာရပ်တိုင်း၌ အရည်အသွေးပြည့်ဝသော လူ့စွမ်းအား အရင်းအမြစ်လုံလောက်စွာရှိမှသာလျှင် ပြည်သူများအား အရည်အသွေး ပြည့်ဝသော ကျန်းမာရေးဝန် ဆောင်မှုပေးနိုင်မည်ဖြစ်သဖြင့် ဝန်ကြီးဌာနအနေဖြင့် (၂၀၁၆) ခုနှစ်၊ ဧပြီလမှစကာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုကို အထူးဦးစားပေး ဆောင်ရွက်လျက် ရှိပါကြောင်း၊လက်ရှိတွင်ဝန်ကြီးဌာနရှိ တက္ကသိုလ်များတွင် ဘွဲ့လွန်သင်တန်းစုစုပေါင်း (၁၃၆) မျိုး၌ တက်ရောက် နေသူပေါင်း (၃,၀၂၈) ဦးရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာနမှ ပညာရှင်များ နိုင်ငံတကာအ တွေ့အကြုံနှင့် ပညာရပ်များ ရရှိစေရန်အတွက် နိုင်ငံတကာအစည်းအဝေးများ၊ ဆွေးနွေးပွဲများ၊ ညီလာ ခံများ၊ (၆) လအောက်နှင့် (၆) လ အထက်သင်တန်းများ၊ မဟာဘွဲ့နှင့် ပါရဂူဘွဲ့သင်တန်းများတက် ရောက် ရန် အတွက် (၂၀၁၆) ခုနှစ်၊ ဧပြီလမှ ယခုအထိ (၈,၆၀၀) ဦးကျော်စေလွှတ်ခဲ့ပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများပေးအပ်ရန် ပညာရှင်များ မွေးထုတ်သင်ကြားလေ့ကျင့်မှုလုပ်ငန်းများကို ဆက်လက်ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ပြီး ဆေးနှင့်ဆေး ပညာနှီးနွှယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ ဌာနမှူးများ။ ပါမောက္ခများနှင့် တာဝန်ရှိသူ များကလည်း ပွင့်လင်းတိကျစွာဖြင့် ဆွေးနွေးအကြံပြုကြ စေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်တင်လေးက -ဆေးတက္ကသိုလ်၊ နောက်ဆုံးနှစ် အပိုင်း (ခ) (၆/၂၀၁၉) (ပုံမှန်) သင်တန်းနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် နောက်ဆုံးနှစ် (၁/၂၀၂၀) (ပုံမှန်) သင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် သက်ဆိုင် ရာ တက္ကသိုလ်များမှ ပါမောက္ခ ချုပ်များ၊ ပါမောက္ခ/ ဌာနမှူးများ၊ ဆရာ/ ဆရာမများနှင့် အစည်းအဝေးများ ပြုလုပ်ပြီး တိုင်ပင်ဆွေးနွေးခဲ့ကာ စီမံချက် (မူကြမ်း) ရေးဆွဲထားရှိမှု၊ စီမံချက်(မူကြမ်း) အရ သင်တန်းများ ဖွင့်လှစ်မည့်ကာလမတိုင်မီ (၁) လ တွင် သင်တန်းသား/သူများအား အသိပေး ကြေညာရန်၊ လာမည့်ဖေဖော် ဝါရီလတွင် သင်တန်းများပြန်လည်ဖွင့်လှစ်ရန် လျာထားမှု၊ သင်တန်း စာမေးပွဲများ ပြုလုပ်ရန်၊ ပြန်လည်သင် ကြားခြင်းပြုလုပ်ရန်၊ ကိုယ်ပိုင်စာကြည့်ချိန်ပေးရန်နှင့် အတန်းတင် စာမေးပွဲကို အဆိုပါကာလ၌ COVID-19 ကူးစက်မှု အခြေအနေများနှင့်အညီ အသင့်တော်ဆုံးပုံစံဖြင့် ဆောင်ရွက်ရန် တို့ကို လည်းကောင်း၊ တက္က သိုလ်အလိုက် နောက်ဆုံးနှစ် သင်တန်းသား/သူ အရေ အတွက်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ လာရောက်တက်ရောက်မည့် အရေအတွက်၊ သင်တန်း ပြီးဆုံးပြီးနောက် အလုပ်သင် တာဝန်ချထားမည့် သင်ကြားရေး ဆေးရုံကြီးများနှင့် ပတ်သက်၍ လည်းကောင်း၊ (၂၀၂၁) ခုနှစ် ဘွဲ့လွန်ဆေးပညာသင်တန်းများ ဝင်ခွင့်ခေါ် ယူရေးအတွက် ကြိုတင် အစည်းအဝေး များ ပြုလုပ်ထားကာ စီမံချက် (မူကြမ်း) ရေးဆွဲ ထားရှိမှု၊ စီမံချက်(မူကြမ်း) အရ လာမည့် ဖေဖော်ဝါရီလတွင် လျှောက်လွှာ ခေါ်ယူကာ ဧပြီလတွင် ဘာသာရပ်ဆိုင်ရာ ရေးဖြေစာမေးပွဲကို ပြုလုပ်ရန် လျာထားမှု စသည်တို့ကို ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကျန်းမာရေးလူ့စွမ်းအား အရင်း အမြစ်ဦးစီး ဌာန၊ ဆေးနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ် (၁၅) ခုတို့မှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ /ဌာနမှူးများ၊ ပါမောက္ခများနှင့် တာဝန်ရှိသူများက စီမံချက် (မူကြမ်း) နှင့် ပတ်သက်၍ အကြံပြု ဆွေးနွေး ခြင်းများပြုလုပ်ခဲ့ပြီး ဆက်လက် ဆောင်ရွက်ရန် အကြံပြုချက်များပေးအပ်ခဲ့ကာ ဆေးနှင့် ဆေးပညာ နှီးနွှယ် တက္ကသိုလ် များမှ အခြားသော သင်တန်းများကိုလည်း ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ထပ်မံ ဆွေးနွေးမှုများ ပြုလုပ်ကာစီမံချက် (မူကြမ်း) များ ရေးဆွဲတင်ပြသွားမည်ဖြစ်ကြောင်း အသီးသီးတင် ပြခဲ့ကြသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က သင်တန်းများဖွင့်လှစ်ရာတွင် အသုံးပြုမည့်တစ် ကိုယ်ရည်သုံး ရောဂါကာကွယ်ရေးဆိုင်ရာ ပစ္စည်းများ အပါအဝင် လိုအပ် သည်များကို စာရင်းပြုလုပ်၍ အမြန် ဆုံးတင်ပြတောင်းခံစေလိုပါကြောင်း ပြောကြား သည်။
ယင်းနောက် အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာ တင်တင်လေးတို့က ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အ မှာစကားပြောကြားရာတွင် -ယခုကဲ့သို့ စီမံချက် (မူကြမ်း) များကို ဆောင်ရွက်မည့် အချိန် ကာလ (timeline)နှင့်တကွ စနစ်တကျ ရေးဆွဲထားခြင်းသည် ကောင်းမွန်ပါကြောင်း၊ ဝန်ကြီး ဌာန အနေဖြင့် ကျန်းမာရေးလူ့စွမ်း အားအရင်းအမြစ်ဦးစီးဌာန၊ ဆေးနှင့်ဆေးပညာနှီးနွှယ် တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာ မှူးများ၊ ဆရာ/ ဆရာမများ ဆွေးနွေးတိုင်ပင် ရေးဆွဲထားပြီး ဝန်ကြီးဌာနသို့ တင်ပြလာမည့် စီမံချက်များအား ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုး သားအဆင့်ဗဟိုကော်မတီသို့ အမြန်ဆုံးတင်ပြကာ အတည်ပြုချက် ရယူဆောင်ရွက်သွား မည်ဖြစ် ပါကြောင်း၊ ယခုကဲ့သို့ ကိုဗစ်-၁၉ ဖြစ်စဉ်ကာလတွင် မိမိတို့အ နေဖြင့် သမားရိုးကျ လုပ်ထုံး လုပ်နည်းများဖြင့် ဆောင်ရွက်၍မရဘဲ ဖြစ်ပေါ်ပြောင်းလဲနေသည့် အခြေအနေအ ရပ်ရပ်နှင့် အညီ အသင့်တော်ဆုံးနှင့် အကောင်းဆုံးဆုံးဖြတ်ချက်များကို ချမှတ်ဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း၊
ဆေးနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များမှ တာဝန်ရှိသူများ အနေဖြင့် သမားရိုးကျမှ ဖောက်ထွက်သော အမြင်များ၊ တီထွင်ဆန်းသစ်သောအမြင်များဖြင့် ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ပညာရှင်များ မွေးထုတ်လေ့ကျင့်ရေး လုပ်ငန်းများကို ဆောင်ရွက်ကြစေလိုပါကြောင်း၊ ယခုအစည်း အဝေးသို့တက်ရောက်လာကြသော ပါမောက္ခ ကြီးများသည် နိုင်ငံတကာမှ ဘွဲ့လွန်ဆေးနှင့် ဆေးနှီးနွှယ် ပညာ ရပ်များ ရရှိသူထား များဖြစ်ကာ အတွေ့အကြုံမြင့်မားကြသူများဖြစ်သဖြင့် မြန်မာနိုင်ငံ၌ ယခုကျင့်သုံး လျက်ရှိ သော သင်ကြားမှုနည်းစနစ်များ ပိုမိုကောင်းမွန်စေရေးအတွက် ကိုလည်း ကြိုးပမ်း ဆောင်ရွက်ပေးကြ စေလိုပါကြောင်း၊ သင်ရိုးညွှန်းတမ်းများကိုလည်း နောက်ဆုံးပေါ် အချက်အလက်များ၊ တွေ့ရှိချက်များနှင့်အညီ အမြဲမွမ်းမံပြင်ဆင်နေရမည်ဖြစ်ပါ ကြောင်း၊ သင်ကြားမှုအထောက်အကူပြုပစ္စည်းများ လိုအပ်ချက် ကိုလည်း အမြဲတမ်းဆန်းစစ်ကာ တင်ပြတောင်းခံစေလိုပြီး ဝန်ကြီးဌာနမှ ဦးစားပေးအနေဖြင့် ဖြည့်ဆည်း ဆောင်ရွက်ပေး မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူများ၏ ကျန်းမာရေးစောင့် ရှောက်မှု ကဏ္ဍအတွက် အရည်အသွေးပြည့်ဝသည့် ပညာရှင်များ ဆက်လက်မွေးထုတ်ပေးနိုင် ရေး အတွက် အားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေ လိုပါကြောင်း ပြောကြားခဲ့ ကြောင်း သိရသည်။
သတင်းစဉ်