Skip to main content

Nov 23, 2022

Naypyitaw State Academy တွင် တက်ရောက်နေသည့် ကျောင်းသား ကျောင်းသူများ သွားလာရေး အဆင်ပြေစေရန် ကျောင်းဖယ်ရီကားများ ပြေးဆွဲနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ Naypyitaw State Academy အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 23, 2022

Naypyitaw State Academy တွင် တက်ရောက်နေသည့် ကျောင်းသား ကျောင်းသူများ သွားလာရေး အဆင်ပြေစေရန် ကျောင်းဖယ်ရီကားများ ပြေးဆွဲနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ Naypyitaw State Academy အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 23, 2022

လူမှုဝန်ထမ်းဦးစီးဌာနက Quick Win Project အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေအမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးစီမံချက် အကောင်အထည်ဖော်ရေးတွင် အသက်မွေးဝမ်းကျောင်းသင်တန်း ပူးပေါင်းပါဝင်ဖွင့်လှစ်သော မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း၏ ဝါးလက်မှုသင်တန်းဖွင့်ပွဲအခမ်းအနားကို ဥတ္တရသီရိမြို့နယ်၊ ဇဝနနေ့က လေးထိန်းကျောင်းခန်းမ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 23, 2022

ဆောက်လုပ်ရေးဝန်ကြီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် နည်းပညာဆိုင်ရာသုတေသနစာတမ်းဖတ်ပွဲတွင် စာတမ်းဖတ်ကြားသူများ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်နှင့် ဗဟိုသင်တန်းကျောင်း(သုဝဏ္ဏ)သို့တက်ရောက်ပြီး ဆုရရှိသူများအားဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် မိတ်ဆုံညစာ စားပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 23, 2022

တိုင်းရင်းသားအရေးကိစ္စရပ်များဆောင်ရွက်ရာတွင် ထိလွယ်ရှလွယ်သည့်အတွက် အထူးဂရုပြုဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားဒေသများ၌ လုပ်ငန်းစီမံကိန်းများဖော်ဆောင်ရာတွင် မြေယာများကို သေချာကွင်းဆင်းစိစစ်ကြစေလိုကြောင်း တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ပြောကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 23, 2022

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ရောက်ရှိနေသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် တို့ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးနှင့် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၂၁ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Sochi မြို့တွင်ကျင်းပသည့် (၁၂)ကြိမ်မြောက် နျူကလီးယားနည်းပညာအခြေခံသည့် ဆန်းသစ်တီထွင်မှုဖိုရမ်(၂၀၂၂) (XII International Forum ATOMEXPO 2022)ဖွင့်ပွဲသို့ တက်ရောက်ကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 23, 2022

မြန်မာနိုင်ငံသို့ AHA Centre မှတစ်ဆင့်လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့၏ ဒသမအကြိမ်အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 22, 2022

နိုင်ငံတော်အစိုးရ၏ ယန္တရားကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် ကျရာကဏ္ဍမှ တာဝန်သိ စိတ်ဖြင့် ဆောင်ရွက်နေကြသော ဝန်ထမ်းများအား မိသားစုသဖွယ် အသိအမှတ်ပြုသော အားဖြင့် ကျင်းပပြုလုပ်သည့် ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ ဂုဏ်ပြုနေ့လယ်စာစားပွဲကို ယနေ့မွန်းတည့် ၁၂ နာရီတွင် ဝန်ကြီးရုံးစုဝေးခန်းမ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 21, 2022

ဒေသအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ် ချုပ်ရေးအဖွဲ့ရုံး၌ တွေ့ဆုံညှိနှိုင်းဆွေးနွေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 21, 2022

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 21, 2022

ချောင်းသာဒေသသို့ ဇန်နဝါရီလမှ အောက်တိုဘာလအထိ ပြည်တွင်းပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှုသည် နှစ်သိန်းငါးသောင်းရှစ်ထောင်ကျော်ရှိခဲ့ပြီး ယခင်နှစ်လားတူကာလတွင် ခြောက်သောင်းခြောက်ထောင်ကျော်သာ ဝင်ရောက်ခဲ့ပါကြောင်း၊ ထို့အတူ ငွေဆောင်ဒေသသို့ ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ပြည်တွင်းပြည်ပခရီးသွားဧည့်သည် နှစ်သိန်းတစ်သောင်းခန့်ဝင်ရောက်ခဲ့ပြီး ယခင်နှစ် အလားတူကာလတွင် လေးသောင်းတစ်ထောင့်ငါးရာခန့်သာ ဝင်ရောက်ခဲ့သည့်အတွက် ယခုနှစ်၏ တိုးတက်လာမှုကိုသိမြင်နိုင်ပါကြောင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်ကဏ္ဍများရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာရေး ဦးတည်ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ပြောကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 21, 2022

အမျိုးသားဇာတ်ရုံ(မန္တလေး)၌ တင်ဆက်ကပြခဲ့သည့် အသက်ထက်မြတ်သော ဂုဏ်သိက္ခာဇာတ်တော်ကြီးတွင် ပါဝင်ဖျော်ဖြေခဲ့ကြသော သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာရှင်များနှင့် ကူညီဆောင်ရွက်ခဲ့ကြသူများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ယမန်နေ့ညပိုင်းတွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး မြို့တော်ခန်းမ၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 20, 2022

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးလွင်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် နိုဝင်ဘာ ၁၉ ရက်တွင် Stavropol Region အတွင်းရှိ Barsuchkovskaya အသေးစားရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် Kochubeevskaya WPP လေအားလျှပ်စစ်စက်ရုံများသို့ သွားရောက်လေ့လာကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 20, 2022

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် မြနန်းစံကျော်ရွှေနန်းတော်သို့ ရောက်ရှိကာ အရှေ့ပိုင်းမင်းခန်းတော်ဆောင်များ၊ မိဖုရားဆောင်များ၊ အနောက်ပိုင်း မင်းခန်းတော်ဆောင်များ၊ နန်းတွင်း ကျောက်စာရုံ (၁)၊ (၂)၊ အမြောက်ပြတိုက်၊ နန်းမြင့် မျှော်စင်နှင့် မင်းတုန်းမင်းနှင့် မိဖုရားခေါင်ကြီးတို့၏ ဂူဗိမာန်တော်များကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 20, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၂၁) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၁၈ ရက် နေ့လယ်ပိုင်းတွင် ပြန်ကြားရေး ဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ် များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 20, 2022

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းနှင့် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပူတာအိုမြို့နယ် ဇီအွန်-လန်းတောင်-နောင်ခိုင် ကျေးရွာချင်းဆက် ကျောက်ချောလမ်း အရှည် ၁ မိုင် ၇ ဖာလုံ ဖောက်လုပ် နေမှုလုပ်ငန်းခွင်သို့ရောက်ရှိပြီး ဇီအွန်မှ မူလာရှီးဒီသို့ ကျောက်ချောလမ်း ဆက်လက်ဖောက်လုပ်နိုင်ရေး စိစစ်တင်ပြရန် တာဝန်ရှိသူများကို မှာကြား၍ လမ်းတစ်လျှောက် ကြည့်ရှု စစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 20, 2022

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာနဝန်ကြီး H.E. Mr. Vitaly Saveliev ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ နိုဝင်ဘာ ၁၅ ရက်မှ ၁၈ ရက်အထိ ကျင်းပခဲ့သော (၁၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာဖိုရမ်နှင့် Transport Week 2022 ပြပွဲ သို့ တက်ရောက်ခဲ့သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 19, 2022

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေသည့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် တာဝန်ရှိသူများ လိုက်ပါလျက် နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် Sanit Petersburg ရှိ Nuclear technology information center သို့သွားရောက်လေ့လာကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 19, 2022

မြန်မာ- ရုရှား နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရုရှားခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုလာရောက်စေရေး၊ ရုရှားခရီးသွား ဧည့်သည်များကို ကောင်းမွန်သော ဝန်ဆောင်မှုများ ပေးအပ်နိုင်ရေးတို့ကို ရည်ရွယ်၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ရုရှားနိုင်ငံအစိုးရပိုင်းနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန နီလာခန်းမ၌ ဝန်ကြီးဌာနများမှ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ပညာသင်ကြားခဲ့သော နိုင်ငံ့ဝန်ထမ်းများနှင့် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ဒုတိယအကြိမ်တွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်