Jul 24,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အခြေခံပညာကျောင်းများတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေးတို့အတွက် နယ်လှည့်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ် ၂ နာရီက အခြေခံပညာအထက်တန်းကျောင်း(မင်းကွက်)၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။