ငဖဲ ဇူလိုင် ၁၆
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ဇင်ပြွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ငဖဲမြို့နယ် ဇင်ပြွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) မှ ကျောင်းအုပ် ဆရာမကြီးဒေါ်ခင်မာဌေးက (၇၈) နှစ်မြောက် အာဇာနည်နေ့ဖြစ်ပေါ်လာပုံသိကောင်းစရာများအား အသိပညာပေးပြောကြားပြီး ပြိုင်ပွဲများကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးကာ ဆရာ၊ဆရာမများဦးဆောင်ကြီးကြပ်ပြီး အာဇာနည်နေ့တို့မမေ့ ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို ကျင်းပရာ အထက်တန်းဆင့် ဝင်ရောက်ယှဉ်ပြိုင်သူ ကျောင်းသား/သူ (၂၀)ဦး၊ အလယ်တန်းဆင့် (၃၀)ဦး၊ မူလတန်းဆင့် (၂၀)ဦး စုစုပေါင်း ကျောင်းသား/သူ (၇၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသော ကျောင်းသား/ သူများကို ပညာရေးစုံညီပွဲတော်တွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)