နယ်ရုံးများ၏သတင်းများ

May 12,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ (၁)နာရီက စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနှင့်ပူးပေါင်း၍ စာရေးဆရာချစ်နိုင်(စိန်ပညာ)ရေးသားသည့် "ပထမမင်္ဂလာ"  စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သည်။
May 11,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)၌ (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကျောင်းသား/ကျောင်းသူများ ကာယ၊ ဉာဏစွမ်းရည်များမြင့်မား‌လာစေရန် မြန်မာစာလုံးပေါင်းသတ်ပုံပြိုင်ပွဲနှင့် စာအုပ်ပြပွဲများကို ယနေ့ မွန်းတည့် ၁၂ နာရီက ကျင်းပခဲ့သည်။
May 10,2024
ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)၊ ကျိုင်းတုံအကျဉ်းထောင်၌ အကျဉ်းသား၊ အကျဉ်းသူများ အသိပညာ ဗဟုသုတများ ရရှိစေရန်အတွက် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်းကို ယမန်နေ့က ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 10,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်၍ ပြည်သူများအသိပညာ၊ ဗဟုသုတရရှိစေရန်အတွက် အမျိုးသမီးများသိထားသင့်သည် ဥပဒေအကြောင်းအရာ အသိပညာပေးလှုပ်ရှားမှုအဖြစ် အထင်ကရမှတ်တမ်းဓာတ်ပုံ၊ စာအုပ်ပြပွဲ၊  ဟောပြောပွဲကို လူထုအခြေပြုဗဟိုဌာန(community centre)ခန်းမတွင် ယနေ့ နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။  
May 10,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်နှင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
May 10,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာများနှင့် မြို့ပေါ်ရပ်ကွက်များသို့  စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉)နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 10,2024
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ သင်္ချာဉာဏ်စမ်းပြိုင်ပွဲကို ယနေ့မွန်းလွဲ (၁) နာရီက လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 09,2024
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများ ဉာဏ်ရည်ထက်မြက်စေရန်၊ မြန်မာ့ရိုးရာဓလေ့များသိရှိစေရန်ရည်ရွယ်၍ မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဉာဏ်စမ်းသုတပြိုင်ပွဲကျင်းပခြင်းကို ယမန်နေ့ ညနေ(၃) နာရီက တလင်းကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။