အခြေခံပညာအထက်တန်းကျောင်း (ခွဲ) မိုင်းအော့ကျေးရွာ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

မိုင်းရှူး စက်တင်ဘာ ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၊ မိုင်းအော့ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီးက ကျောင်းစည်းကမ်းအကြောင်းပြောကြားပြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး ဦးကျော်ဝင်းက ဗလငါးတန်အကြောင်းနှင့် အားကစားအမျိုးမျိုးပြုလုပ်ခြင်းကြောင့်ရရှိသည့်အကျိုးကျေးဇူးများဟောပြောသည်။ ယင်းနောက် နည်းစနစ်မှူး ဦးကျော်ဝင်းက ကျောင်းအုပ်ဆရာကြီးထံ ဘောလုံး (၁) လုံး၊ ဘော်လီဘော (၁) လုံး၊ ပိုက်ကျော်ခြင်း (၁) လုံး ပေးအပ်လှူဒါန်းခဲ့ပါသည်။ 

အဆိုပါဟောပြောပွဲတွင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၂၀) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)