မိုင်းခုတ် စက်တင်ဘာ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယနေ့မွန်းလွဲပိုင်းက လူငယ်ကဏ္ဍဖွံ့ဖြိုးရေးဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင်မိုင်းခုတ်မြို့ စခန်းမှူး ရဲအုပ်မင်းစိုးအောင်မှ လူငယ်များ စောင့်ထိန်းရမည့်ကျင့်ဝတ်များ၊ ကလေးသူငယ်များအပေါ် စောင့်ထိန်းရမည့်ကျင့်ဝတ်များနှင့် ပြစ်မှုဆိုင်ရာဥပဒေ၊ နည်းဥပဒေများကို ဟောပြောခဲ့သည်။
လူငယ်ကဏ္ဍဖွံ့ဖြိုးရေးဟောပြောပွဲသို့ မိုင်းခုတ်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသားကျောင်းသူများနှင့်ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခင်သန္တာအောင်