ကွမ်းခြံကုန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲများ ကျင်းပ

ကွမ်းခြံကုန်း စက်တင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊  တွံတေးခရိုင်၊  ကွမ်းခြံကုန်းမြို့နယ်   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့  ပူးပေါင်း၍ နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲ၊  ကဗျာ ရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့က ကျိုက်ပတ်ကျေးရွာ အ-မ-ကကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက ဗလငါးတန်ပြည့်ဝသည့်လူငယ်များ ဖြစ်ပေါ်လာစေရန် လူငယ်နှင့်စ ာ‌ပေအကြောင်းအရာများအားလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စာသုံးသူအခွင့်အ‌ရေးဆိုင်ရာအကြောင်းအရာများအားလည်းကောင်း၊ တိုင်းရင်းဆေးကုဌာန၊ လက်ထောက် တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုးက တိုင်းရင်းဆေးပညာအကြောင်းသိကောင်းစရာ စသည်ဖြင့် ဟောပြောခဲ့သည်။

ဆက်လက်၍ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ဂိမ်းကစားပြိုင်ပွဲများကျင်းပရာ ဆုရရှိသူ ကျောင်းသား/ ကျောင်းသူများအား အမှတ်တရလက်ဆောင်များပေးအပ်ချီးမြှင့်ပြီး ကျောင်းသား/ ကျောင်းသူများမှ  စာအုပ်စာစောင်များ ပြသထားသော   နံရံကပ်စာစောင်များ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

ဆွေနွယ်(ပြန်/ဆက်)