လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ လူငယ်များအသိဉာဏ်မြင့်မားရေး လူငယ်အသင်း (Youth Club) ဆွေးနွေးပွဲကျင်းပ

လိပ်သို မတ် ၂၈

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အနာဂတ်အတွက် ခေါင်းဆောင် ကောင်းများဖြစ်လာမည့် လူငယ်များ အသိပညာမြင့်မားရေးအတွက် ဝါသနာတူလူငယ်များ စုစည်း၍ လူငယ်အသင်း  (Youth Club) ဆွေးနွေးပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  ယနေ့နံနက်  ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က လူငယ်များ အသိဉာဏ်ပညာမြင့်မားရေး၊ မိမိကိုယ်ကိုယုံကြည်မှုရှိစေရေးနှင့် ရပ်ရွာအရေးကိစ္စများတွင် ပါဝင်ကူညီဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ လူငယ်အသင်း  (Youth Club) အဖြစ်ဖွဲ့စည်းကာ မိမိတို့ဌာနမှပြုလုပ်သည့် လူငယ်ပညာပေးဟောပြောပွဲနှင့် လူငယ်ဆိုင်ရာ အသိပညာပေးပြပွဲ လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်နိုင်ရန် ယခုလိုဖိတ်ခေါ်၍ ဆွေးနွေးခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် လူငယ်များက လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)