ငါန်းဇွန်မြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ငါန်းဇွန် မတ် ၂၅

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နေ့လယ် ၂ နာရီက (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပရာ ကျောင်းသား၊ ကျောင်းသူများလာရောက် ယှဉ်ပြိုင် ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာဖတ်သည့် အလေ့အကျင့်ဖြင့် အားလပ်သည့်အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတ တိုးပွားလာစေရန်ရရှိသည့် အသိပညာဗဟုသုတကို မျှဝေတတ်စေရန်ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက မိုးသောက်ပန်းဂျာနယ်တွင် ပါရှိသော စာရေးဆရာ သားညိုမောင်၏ “တရားပြည့်စုံသော မင်းနှစ်ပါး” ပုံပြင်ကို ဖတ်ရှုပြီး အဆိုပါပုံပြင်ကို ဖတ်ရှုခြင်းဖြင့် ရရှိအကျိုးကျေးဇူးများကို ပြောကြားခြင်းဖြင့် ပါဝင်ယှဉ်ပြိုင်ကြသည်။

အဆိုပါ စာဖတ်စွမ်းရည်ပြိုင်ပွဲအပြီးတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများအား ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)