နယ်ရုံးများ၏သတင်းများ

Apr 24,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်လူရွယ်များအား နွေရာသီကာလ ရာသီဥတု ပူပြင်းလာပြီဖြစ်သည့် အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Apr 24,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)  ခန်းမတွင် (Book Club)အဖွဲ့ဝင်နှင့် လူငယ်များက စာရေးဆရာ ကသစ်ဦး ရေးသားထားသော "နွယ်မြက်သစ်ပင် ဆေးဖက်ဝင်" စာအုပ်ဖြင့် ဆွေနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့သည်။
Apr 24,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် စာရေးဆရာမ ဇင် ရေးသားသည့် “အိပ်မက်ကောင်းကင်”လူငယ်ဝတ္ထုတိုများစာအုပ်မှ အကြောင်းအရာများကို စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကို ဧပြီလ၂၂ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Apr 23,2023
မန္တလေးတိုင်းဒေသကြီး ၊ မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာပေမြတ်နိုးသူများ (Book Club) အသင်းနှင့် (Youth Club) အသင်းတို့ ပူးပေါင်း၍      စာအုပ်စာစောင်ပြပွဲနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဧပြီလ (၂၁) ရက်နေ့ မွန်းလွှဲ (၃)နာရီက ပြုလုပ်ခဲ့ကြေင်းသိရသည်။
Apr 23,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ပရေကြေတိုရေတံခွန်သို့ အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်လျက်ရှိရာ နွေရာသီကာလတွင် ရာသီဉတုအပူရှိန်မြင့်မားမှုကြောင့် အပူရှောင်သည့် ခရီးသွားပြည်သူ(၁၀၀၀)ကျော်ခန့် နေ့စဉ်လာရောက်အပန်းဖြေရေကစားလျက်ရှိကြောင်း သိရသည်။
Apr 22,2023
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ခရိုင်ရုံးစာကြည့်တိုက်နှင့် ခရိုင်အတွင်းရှိ မြို့နယ်ရုံးစာကြည့်တိုက်များအတွက် အများပြည်သူဖတ်ရှုရန် စာအုပ်များ လှူဒါန်းပွဲကို ယမန်နေ့ညနေ(၃)နာရီက လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Apr 22,2023
စာအုပ်၊ စာပေကိုချစ်မြတ်နိုးသူများ စာပေကိုမြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏တန်ဖိုးကိုနားလည်စေရန်နှင့် အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်ပိုင်းက စာအုပ်စာပေဝါသနာရှင်များ၊ စာပေချစ်သူများ Book Club နှင့် မုဒိတာ စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 22,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် စာပေချစ်သူများမှ ဦး‌ဆောင်၍ ပြည်သူများစာအုပ် စာပေများကို ချစ်မြတ်နိုးတတ်စေပြီး အချင်းချင်းစာပေနှီးနှော ဖလှယ်တတ်စေရန် ရည်ရွယ်၍ ယမန်နေ့နံနက် (၉)နာရီအချိန်က စာရေးဆရာ သုတေသီဘုန်းမြင့်သွေး ရေးသားသည့် "လူမှန်လူမြတ် "စာအုပ်အား စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။