မိုင်းရယ်မြို့၌ ဌာနဆိုင်ရာများ စုပေါင်း၍ ကိုဗစ်-၁၉ ရောဂါ အသိပညာပေးလက်ကမ်းစာစောင်၊ ပါးစပ်နှင့် နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေ

မိုင်းရယ် ဇွန် ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့၌ ဌာနဆိုင်ရာများ စုပေါင်း၍ ပြည်သူများ  အပြင်ထွက်သွားလာရာ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်နှင့် အသိ၊ သတိရှိစေရန် ရည်ရွယ်၍ အသိပညာပေးလက်ကမ်းစာစောင်၊ ပါးစပ်နှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီက မိုင်းရယ်မြို့ အဝင်ဂိတ်နှင့် မြို့လယ်ဘုရားရှေ့တို့တွင် ပြုလုပ်သည်။

ထိုသို့ပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက လမ်းမပေါ်ရှိ သွားလာနေကြသည့် ပြည်သူများ၊ ဈေးသူ/သားများအား ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်နှင့် နှာခေါင်းစည်း (၁၂၀၀)ကို စနစ်တကျ အခမဲ့ဖြန့်ဝေ ပေးခဲ့သည်။    

မိုင်းရယ်(ပြန်/ဆက်)