နတ်မောက် ဩဂုတ် ၃
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။ ရှေးဦးစွာ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်က “ကျောင်းသား/သူများ ကျောင်းသင်ခန်းစာကို ဂရုတစိုက် သင်ယူလေ့လာကြရန်၊ ကျောင်းစည်းကမ်းများကို အလေးထားရန်၊ ကျောင်းသား/သူများအားလုံး စာရိတ္တကောင်းရုံတင်မဟုတ်ဘဲ စာရိတ္တမာနရှိရန် လိုအပ်ကြောင်းကို ဟောပြောဆွေးနွေးခြင်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ကိုကိုက မှုခင်းကျဆင်းရေး၊ မူးယစ်ဆေးဝါးအကြောင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး အကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့သည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းအေးက ကျောင်းသား/သူလေးများ ယဉ်ကျေးလိမ္မာ အသိပညာပေးအကြောင်းအရာများနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က လူငယ်ရေးရာ အသိပညာပေးအကြောင်းအရာများနှင့်ပတ်သက်၍ ဗလငါးတန်ဖွံ့ဖြိုးစေရန် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလတို့ အကြောင်းကို ဟောပြောဆွေးနွေးခဲ့သည်။ အဆိုပါ အခမ်းအနားအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် နံရံကပ်စာစောင်များအား ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။
လှဝင်း