ရမည်းသင်း နိုဝင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကြီးမှူး၍ Book Club အသင်းနှင့်အခြေခံပညာဦးစီးဌာတို့ ပူးပေါင်း၍ကျောင်းသား လူငယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများနှင့် စာပေအသိပညာများ ပြန်လည်မျှဝေတတ်စေရန် အတွက်ဆရာ/ဆရာမများ ကျောင်းသား၊ကျောင်းသူများနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁နာရီခွဲက ရမည်းသင်းခရိုင် ပြန်/ဆက်ရုံး၊လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ကြားရေးမှူးဒေါ်သိမ့်သိမ့်မျိုးက စာဖတ်ရှိန်မြှင့်တင်ရေးကျောင်းသားလူငယ်များ စာပေဖတ်ရှုခြင်းဖြင့် ရရှိသည့်အကျိုးကျေးဇူးများ၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေပြီး အပြန် အလှန်ဆွေးနွေးတတ်စေရန်တို့ကို ဆွေးနွေးပြောကြားကာ အားလပ်ချိန် များတွင်ရမည်းသင်း ခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ သုတ/ရသစာပေကောင်းများ လာရောက်ဖတ်ရှုလေ့လာကြရန် ရှင်းလင်းပြောကြားသည်။
ထို့နောက် Book Club အသင်းဉက္ကဋ္ဌ ဦးမျိုးလွင်မှ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုရှင်းလင်းဆွေးနွေးပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကထုတ်ဝေသည့်အတွဲ ၂၀၊ အမှတ်၂၁ ၊၂၀၂၃ခုနှစ်၊နိုဝင်ဘာလ (၁)ရက်နေ့ထုတ်ဒို့ကျေးရွာဂျာနယ်မှ "ထိန်းသိမ်းစောင့်ရှောက်ရမည့် မြန်မာ့ယဉ်ကျေးမှုအစဉ်အလာကောင်းများ "ခေါင်းစဉ်ကို ကျောင်းသား၊ ကျောင်းသူလူငယ်များတို့က ဖတ်ကြားပြီး တက်ရောက်လာသည့် Youth Clubအသင်းဉက္ကဋ္ဌ ဦးအေးမင်းမြတ်၊ Womam Clubအသင်းဉက္ကဌ ဒေါ်မိနှင့်Book Clubအသင်းအတွင်းရေးမှူးဒေါ်ခင်လေးနီတို့က သုတရသများ ကို ဆွေးနွေးပြောကြားရာ ကျောင်းသား၊ကျောင်သူများမှ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာ ထိန်းသိမ်းမှုကိုမိမိမှတ်မိသလို အပြန်အလှန်ဆွေးနွေးကာ အသိအမြင်ခြင်းဖလှယ်၍ပြန်လည် မျှဝေခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)