ပုံပါကျင်မြို့၌ အမှတ် (၁) ရပ်ကွက် မြို့မဈေးတွင်းသို့ ရွေ့လျားစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ပုံပါကျင် နိုဝင်ဘာ ၁၀

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မလာနိုင်သည့် စာဖတ်ပရိသတ်များ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များ အကျိုးရှိစွာအသုံးချတတ်စေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြား တတ်စေရန်နှင့် စာဖတ်သည့် အလေ့အထရှိလာစေရန်ရည်ရွယ်၍ ယနေ့နံနက် (၁၀) က အမှတ် (၁) ရပ်ကွက်မြို့မဈေးတွင်းသို့ ရွေ့လျားစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင်ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သုတ၊ ရသ စာအုပ်ပေါင်း (၅၀) ကို သယ်ဆောင်၍ အမှတ်(၁)ရပ်ကွက် မြို့မဈေးတွင်းရှိ စာဖတ်ပရိသတ်များထံ ရွေ့လျားစာကြည့်တိုက်အဖြစ် ကွင်းဆင်းဆောင်ရွက်ကာ စာအုပ်၊ စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အိအိဖြိုး(ပြန်/ဆက်)