နယ်ရုံးများ၏သတင်းများ

Jul 18,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
Jul 18,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့မွန်းလွဲ  ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Jul 18,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးစာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ ပြသခဲ့သည်။
Jul 18,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာအသီးသီးရှိ ဝန်ထမ်းများ၊ ကလေးသူငယ်များအား Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ လက်ဝယ်အရောက် အခမဲ့ကွင်းဆင်း ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ (၁) နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနသို့ သွားရောက်၍ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Jul 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန (CommunityCentre) ခန်းမတွင် ယမန်နေ့မွန်းလွဲ (၁း၀၀) နာရီအချိန်က စာပေချစ်သူများ အသင်း (Book Club) နှင့် လူငယ်အသင်း(Youth Club)၊အမျိုးသမီးအသင်း (Women Club) တို့ ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာရဲနိုင်ရေးသားသည့် လူဆိုတဲ့လူစာအုပ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
Jul 18,2025
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ဇူလိုင်လ (၁၆) ရက်နေ့ နံနက်ပိုင်းက ကျောတိုက်ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲ (ကျောတိုက်) တွင် ကျင်းပခဲ့သည်။
Jul 17,2025
မကွေးတိုင်းဒေသကြီး၊‌  ချောက်ခရိုင်၊‌ ချောက်မြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေများ တဖြည်းဖြည်းမြင့် တက်လျက်ရှိရာ မြေနိမ့်ပိုင်းရပ်ကွက်များသို့ မြစ်ရေများ ဝင်ရောက်လျက်ရှိသည့်အတွက် ရေဘေးအသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် အသိပေးနှိုးဆော်ခြင်းများကို မြို့နယ်သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ဝင်များ ပူး‌ပေါင်း၍ ယမန်‌နေ့ ညနေ ၄ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 16,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် (MEVM) ကိုင်တွယ်အသုံးပြုနည်းနှင့် စမ်းသတ်‌မဲပေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပသည်။