မိုင်းရယ်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းပြုလုပ်

မိုင်းရယ် ဇွန် ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ခေတ်‌ ကျောင်းသား၊ ကျောင်းသူလူငယ်များ ဘက်စုံထူးချွန်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ဖြစ်ထွန်းလာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း၊ ရတနာခန်းမ၌ ပြုလုပ်သည်။

မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းအောင်ကအဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မာလာက လူငယ်စကားဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ မြို့နယ်ပညာရေးမှူး ဒေါ်တင်မာဆွေ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်မာလာနှင့် အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းခမ်းမိုတို့က moderator များအဖြစ် ဆောင်ရွက်ခဲ့ကြပြီး အခြေခံပညာအထက်တန်းကျောင်းမှ မနန်းထွေးရင် (G-10)နှင့် မကြွယ်ကြွယ်ဖြိုး (G-10) တို့က "လူငယ်နှင့် မူးယစ်ဆေး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မနန်းခမ်းဆီလိန် (G-11)နှင့် မနန်းယိင်းဖွေးဆိုင် (G-11) တို့က "လူငယ်နှင့် အားကစား" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မနန်းဖွေးနွံ (G-11) နှင့် မနန္ဒာလင်း (G-10) တို့က "လူငယ်နှင့်စာဖတ်ခြင်း" ခေါင်းစဉ်ဖြင့်လည်း‌ကောင်း၊ မောင်ညီဝင်း (G-11) နှင့် မောင်စိုင်းပြည့်စုံအောင်တို့က "လူငယ်နှင့်ကျန်းမာရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အခြေခံပညာအလယ်တန်းကျောင်းမှ မသဒ္ဒါပို (G-9) နှင့် မညီနန္ဒီမိုးမြင့် (G-9)တို့က "လူငယ်နှင့်ပညာရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးပါဝင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ လူငယ်စကားဝိုင်းပြုလုပ်ရာတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၅၀) ဦးခန့် တက်ရောက်ကြ‌ကြောင်း သိရသည်။

မိုင်းရယ် (ပြန်/ဆက်)