နယ်ရုံးများ၏သတင်းများ

Aug 19,2025
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်တွင် ဒေသခံပြည်သူများနှင့် ကျောင်းသားကျောင်းသူများအသိပညာဗဟုသုတ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်အတွက် သုတရသစာအုပ်စာစောင်များကို ရုံးဖွင့်ရက်တိုင်း ပုံမှန်ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျောင်းသား ကျောင်းသူများအား စာအုပ်များငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Aug 19,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်၊ အခြေခံပညာမူလတန်းလွန်ကျောင်း (ဟိုရင်) တွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 19,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်ပိုင်းက စာဖတ်ရှိန်​မြှင့်တင်​ရေး နံရံကပ်စာစောင်များ ပြသ​ခြင်း​နှင့်စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 17,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် တိုင်းဒေသကြီးအစိုးရ၏လမ်းညွှန်မှုဖြင့် အခြေခံစာကြည့်တိုက် ပညာသင်တန်း (၂/၂၀၂၅) ဆင်းပွဲအခမ်းအနားကို ဩဂုတ်၁၅ ရက် နံနက်ပိုင်းက ကလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပသည်။
Aug 15,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံခရိုင်၊မိုင်းခတ်မြို့နယ်တွင်ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်ပြပွဲကိုယနေ့မွန်းလွဲ ၂ နာရီအချိန်က မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ ပြသခဲ့သည်။
Aug 15,2025
 ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(community center) ခန်းမတွင်​ ယနေ့မွန်းလွဲ ၁ နာရီခွဲက ကာယစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 15,2025
 ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(community center) ခန်းမတွင်​ ယနေ့မွန်းလွဲ ၁ နာရီခွဲက ကာယစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 13,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊ ဆီဆိုင်မြိုနယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာ‌ရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း “လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရေးဆောင်ရွက်မည့်လုပ်ငန်း” မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာမွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။