Jun 19,2026
၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် အထွေထွေဗဟုသုတရရှိစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြင့်မားလာစေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း နတ်သျှင်နောင်ခန်းမ၌ ပြုလုပ်ခဲ့သည်။