ရပ်စောက်မြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြိုအထိမ်းအမှတ်အနေဖြင့် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ရပ်စောက် ဒီဇင်ဘာ ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် လူထုအခြေပြုရုံး၌ ယနေ့ နံနက် ၉ နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသော (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြိုအထိမ်းအမှတ်အဖြစ် “အမျိုးသားအောင်ပွဲနေ့ ဒို့မမေ့” ဟူသောခေါင်းစဉ်ဖြင့် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ပြုလုပ်ကျင်းပခဲ့သည်။

ထိုသို့ကျင်းပခဲ့ရာတွင် ရပ်စောက်မြို့နယ်ရှိ အထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၁၀ ဦး လာရောက်ယှဉ်ပြိုင်ခဲ့ကြောင်းနှင့် ပြိုင်ပွဲကျင်းပနေချိန်အတွင်း ကျောင်းသူ၊ ကျောင်းသားများ ကောင်မွန်စွာ ဖြေဆိုနိုင်ခဲ့ကြောင်းလည်း သိရသည်။

မြို့နယ်(ပြန်/ဆက်)