နယ်ရုံးများ၏သတင်းများ

Sep 11,2023
ဒေသခံပြည်သူများနှင့် တိုင်းရင်းသားအမျိုးသမီးများကို အိမ်တွင်းအကြမ်းဖက်မှုကာကွယ်တားဆီး တိုက်ဖျက်ရေးနှင့်သက်ဆိုင်သော အကြောင်းအရာများကို သိရှိနားလည်စေရန်နှင့် အိမ်တွင်းအကြမ်းဖက်မှု ပြစ်မှုကျူးလွန်သူများ ဉပဒေအရ သတ်မှတ်ထားသော ပြစ်ဒဏ်တို့ကို သိရှိနားလည်လေးစားလိုက်နာစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ယနေ့နံနက် (၉:၃၀)အချိန်က အမျိုးသမီးများ အိမ်တွင်းအကြမ်းဖက်မှုကာကွယ်တားဆီးတိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင်များ ပြသ ဆောင်ရွက်ခဲ့ပါသည်။
Sep 11,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၉ နာရီ အချိန်က အ.မ.က (နောင်ပိန်) ကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
Sep 11,2023
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ပင်ခွန်ကျောင်းခန်းမတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က  ပြုလုပ်ခဲ့သည်။
Sep 11,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ တောင်ကြီးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
Sep 11,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့နယ် အခြေခံပညာအလယ်တန်းကျောင်းခွဲ(ဝမ်ပန်)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအား ယနေ့နံနက် (၁၀:၀၀)နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 11,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့နယ် ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် စာပေဖတ်ရှုသည့် အလေ့အထများ ရရှိစေရန်၊ စာဖတ်ရှုခြင်းဖြင့် လူနေမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ)၏ “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
Sep 11,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့နံနက် (၁၀)နာရီအချိန်ခန့်က ကောင်းစံသာ (ရေကြည်) ရေးသားသော”လူငယ်တွေဖတ်ဖို့ ဘဝအတွက်အတွေးအမြင်များနှင့်စိတ်ဓာတ်ခွန်အားဖြည့်စာများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Sep 11,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက စာရေးဆရာ ညီညီနိုင်ရေးသားထားသော "ပညာနှင့်ဘ၀အောင်မြင်ရေးလမ်းညွန်" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့‌ကြောင်း သိရသည်။