နယ်ရုံးများ၏သတင်းများ

Oct 07,2023
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့်ဌာနဆိုင်ရာများပူးပေါင်း၍ လူငယ်အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 07,2023
ကချင်ပြည်နယ် မိုးညှင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး‌ဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင် ပြပွဲများကို ယမန်နေ့နံနက် (၁၀)နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။
Oct 06,2023
ဆေးလိပ်သောက်ခြင်းနှင့် ဆေးလိပ်ငွေ့ရှူရှိုက်မိခြင်းတို့ကြောင့် ဖြစ်ပေါ်တတ်သည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများအကြောင်းကို ကလေးငယ်များ၊ ကျောင်းသား/ ကျောင်းသူများအား သိရှိစေရန်ရည်ရွယ်၍ မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့မွန်းလွဲ  ၂ နာရီအချိန်က “ရောဂါကင်းဝေးကျန်းမာဖို့ ဆေးလိပ်ဆေးရွက်ကြီး ရှောင်ကြဉ်စို့” အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 06,2023
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများနှင့် လူငယ်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ အားလပ်ချိန်များတွင် ပြင်ပဗဟုသုတများ  ရှာဖွေနိုင်ရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်မှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် သုတ/ရသ စာအုပ်/စာစောင်များကို စဉ်ဆက်မပြတ် အခမဲ့ ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အ-ထ-က (၄)၊ အ-ထ-က(၅)နှင့် ပြည်နယ်သမဝါဦးစီးဌာနတို့တွင် စာအုပ်စာစောင်များအား အခမဲ့ငှားရမ်းပေးခဲ့ ကြောင်း သိရှိရသည်။
Oct 06,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနCommunity Centre ခန်းမတွင် စစ်တုရင်ပြိုင်ပွဲကိုယနေ့ နံနက် ၁၁ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Oct 06,2023
ကျောင်းသားလူငယ်များ ကာယ၊ ဉာဏဖွံ့ဖြိုးတိုးတက်စေရန်၊ စာဖတ်စွမ်းရည်များ တိုးတက်လာစရေန် ရည်ရွယ်၍ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ ပုံပြင် ပြောပြိုင်ပွဲနှင့်ကဗျာရွတ်ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပသည်။
Oct 06,2023
မန္တလေးဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၉)နာရီက လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ယာဉ်တိုက်မှုလျော့နည်းပပျောက်စေရေး ယာဉ်စည်းကမ်းလမ်းစည်းကမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။
Oct 06,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/သူ လူငယ်အချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်းကို အ.ထ.က(၅)မြိတ်တွင် ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။