နယ်ရုံးများ၏သတင်းများ

Dec 07,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)၊ ဝါသနာတူလူငယ်များအသင်း (Youth Club)၊ ပညာရေးဌာနတို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြင့်မားရေးအတွက် စာရေးဆရာ မောင်ရင့်မာ (ကျောင်းကုန်း)  ရေးသားသည့် “မြဝါးရုံ အက်ဆေးများ”စာအုပ်အား ယမန်နေ့ မွန်းလွဲ(၁)နာရီက လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Dec 07,2023
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ အ.မ.က-ချောင်းဒေါင်း(မြောက်)ကျောင်း၌ ယနေ့တွင် ကျရောက်မည့် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယမန်နေ့ နေ့လယ် (၁:၃၀) နာရီအချိန်က ပြုလုပ်ခဲ့သည်။
Dec 07,2023
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (၁၀၃)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို  ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
Dec 06,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်နေပြည်သူများအား အမျိုးသားရေးစိတ်ဓာတ်အမွေကို ခံယူထိန်းသိမ်းတတ်စေရေး လေ့လာမှတ်သားနိုင်ရန်အတွက် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့သည်။
Dec 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင်(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ Community Centre ခန်းမတွင် အခြေခံပညာဦးစီးဌာနတို့ပူး‌ပေါင်း၍ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲ၊ နံရံကပ်စားစောင်၊ စာအုပ်စာစောင်ပြပွဲများ၊ ပုံပြင်ပြော၊ ကဗျာရွတ်၊ စာစီစာကုံးနှင့် ဉာဏ်စမ်းပဟေဋိပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့သည်။