နယ်ရုံးများ၏သတင်းများ

Jun 12,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးရေးရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်ကျင်းပသည့် GENDER , CEDAW , NSPAW နှင့် UNSCR 1325 အသိပညပေးသင်တန်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
Jun 11,2025
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အမှတ်- ၂၊ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
Jun 11,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် (၁၀)နာရီ အချိန်က လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 11,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ဇွန်လ၂၆ ရက်နေ့၌ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့နံနက် ၉ နာရီခွဲက ဆောင်ရွက်ခဲ့ရာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန မှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်နှင့် စာပေဝါသနာရှင်များအသင်း (Book Club) အဖွဲ့ဝင်များ၊ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်း (၁၀) ကျောင်း မှ ကျောင်းအုပ်ကြီးများ တက်ရောက်ခဲ့ကြသည်။
Jun 11,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အိုးဘိုတွင် ပြုလုပ်သည်။   
Jun 11,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု) မြို့နယ်မှ ပြည်သူများ ဧရာဝတီမြစ်ရေ မြင့်တက်လာသည့်အတွက် ရေဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးခြင်းလုပ်ငန်းကို  ယမန်နေ့ နံနက်ပိုင်းက နှိုးဆော်ဆောင်ရွက်ခဲ့ကြသည်။  
Jun 11,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း-ခွဲ (မိုင်းကိုင်) ၌ ကျင်းပပြုလုပ်ခဲ့ရာ အထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ ဆရာမများ တက်ရောက်ခဲ့ကြသည်။
Jun 10,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က  မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။