မြို့သစ် ဇူလိုင် ၃
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်နှင့် အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်အတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ပြပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်နှင့် မြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် ဆရာဦးတင်မောင်ဝင်းတို့က မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေးအကြောင်းအရာများ၊ စာပေဖတ်ရှုခြင်းဆိုင်ရာ အသိပညာပေးအကြောင်းအရာများအား ဆွေးနွေးဟောပြောပြီး ကျောင်းသား ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်နှင့် မှတ်တမ်းဓာတ်ပုံများအား ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)