တံတားမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စကားပုံဆက်ပြိုင်ပွဲကျင်းပ

တံတား ဇူလိုင် ၂ 

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ လူငယ်များ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စကားပုံဆက်ပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးဖြူလွင်က ပြိုင်ပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် ပြိုင်ပွဲ၀င်‌ ကျောင်းသား၊ ကျောင်းသူများအား ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများကိုရှင်းလင်းပြောကြားခဲ့ပြီးနောက် စကားပုံဆက်ပြိုင်ပွဲကို စတင်ကျင်းပရာ အလယ်တန်းအဆင့်ကျောင်းသား (၈) ဦး၊ ကျောင်းသူ (၆) ဦး စုစု‌ပေါင်း (၁၄) ဦးတို့မှ ပါ၀င်ယှဉ်ပြိုင်ခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲတွင် အကောင်းဆုံးယှဉ်ပြိုင်နိုင်သူများကို ရွေးချယ်၍ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့‌သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသ စာအုပ်၊ စာ‌စောင်များနှင့် အသိပညာ‌ပေးနံရံကပ်စာစောင်များကို ဝင်ရောက်ယှဉ်ပြိုင်ကြသော ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုငှားရမ်းခဲ့ကြောင်း သိရသည်။

 လှိုင်သူဇာ(ပြန်/ဆက်)