ထန်ပါခွေ ဇူလိုင် ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့တွင်နိုင်ငံ၏ အနာဂတ် မိုးသောက်ကြယ်အဖိုးတန်ရတနာလေးများဖြစ်ကြသော၊ ကျောင်းသား၊ ကျောင်းသူ လူငယ်များနှလုံးသားကို နုနယ်စေသောရသစာပေ၊ အတွေးအခေါ်ကို ကြီးမြတ်စေသော သုတ၊ ရသစာပေတို့ကို လေ့လာဖတ်ရှုတတ်စေရန်၊ ငယ်စဥ်ကပင်စာပေကို ချစ်မြတ်နိုးတန်ဖိုးထားတတ်စေသော လူငယ်၊ လူရွယ်များဖြစ်ပေါ်လာစေရန်ရည်ရွယ်ကာ ယနေ့နံနက် (၁၀) နာရီအချိန်က ထန်ပါခွေမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်ပြပွဲကျင်းပခဲ့သည်။
ရှေးဦးစွာ ထန်ပါခွေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါး၏ ဆိုးကျိုးကောင်းကျိုးအကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးအကြောင်းအရာများ၊ စာပေနှင့်ပတ်သက်သည့် ဆောင်ပုဒ်များ၊ မြို့တွင်းလှုပ်ရှားမှု မှတ်တမ်းနံရံကပ်ဓါတ်ပုံများနှင့် သုတ/ရသ စာအုပ်စာစောင်များ၊ကို ကျောင်းသား၊ ကျောင်းသူများ က စိတ်၀င်တစားလေ့လာဖတ်ရှုခဲ့ကြပြီး စာအုပ်စာစောင်များငှါးရမ်းပေးခြင်းကို ထန်ပါခွေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးဟန်မျိုထွန်းနှင့် ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အလန် (ပြန်/ဆက်)