Jan 02,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးချုပ်မှ စီစဉ်ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက လူစည်ကားရာ နေရာများဖြစ်သည့် စည်ပင်သာ ယာစျေး၊ ကားဂိတ်၊ မြင်းလှည်းဂိတ်၊ စျေးဆိုင်များ၊ လက်ဖက်ရည်ဆိုင်နှင့် လမ်းသွား လမ်းလာ ပြည်သူများထံ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။