သာယာဝတီမြို့ မြန်မာ့စီးပွားရေးဘဏ်၌ (အငြိမ်းစား) အစိုးရဝန်ထမ်းများအား ပင်စင်လစာငွေများ ပုံမှန်အတိုင်း ထုတ်ပေးလျက်ရှိ

သာယာဝတီ  ဖေဖော်ဝါရီ  ၂၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် (အငြိမ်းစား) အစိုးရဝန်ထမ်း ပင်စင်စားများအား ပင်စင်လစာငွေများ ထုတ်ပေးခြင်းကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ စတင်၍ နံနက် ၈ နာရီ၌ ထုတ်ပေး လျက်ရှိကြောင်း သိရသည်။

သာယာဝတီမြို့နယ်အတွင်းရှိ ပင်စင်စားများ ပင်စင်လစာငွေ လာရောက်ထုတ်ယူရာတွင် အဆင်ပြေစေရေးအတွက် ဖေဖော်ဝါရီ (၂၁)ရက်မှ လကုန်ရက်အထိ နေ့စဉ်နံနက် (၈) နာရီမှ ညနေ (၃) နာရီအထိ ပင်စင်လစာငွေများကို ထုတ်ပေး လျက်ရှိပြီး သတ်မှတ်ရက်များ၌ လာရောက်မထုတ်ယူနိုင်သော ပင်စင်စားများအား မတ်လဆန်ပိုင်းတွင် ဘဏ်လုပ်ငန်း ချိန်အတွင်း  လာရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။

ပင်စင်လစာငွေများ လာရောက်ထုတ်ယူရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်ကမ်းချက်များ၊ လမ်းညွှန်ချက်များ နှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

သန့်ဇော်