နယ်ရုံးများ၏သတင်းများ

Apr 07,2022
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကိုသည် ပြင်ဦးလွင်မြို့ရှိ စာစစ်ဌာနများ၌   ၂၀၂၂    ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား/ကျောင်းသူများ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ဝင်ရောက်ဖြေဆိုနေမှုအား ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
Apr 07,2022
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကရင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ပြည်နယ် ရုံးသစ်ဖွင့် ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီခန့်က ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ မြို့ပတ် လမ်းပေါ်ရှိ အဆိုပါ ရုံးသစ်အဆောက်အဦ၌ ကျင်းပသည်။
Apr 07,2022
၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မတ်လ (၃၁) ရက်နေ့မှ စတင်၍ သက်ဆိုင်ရာ မြို့နယ်စာစစ်ဌာနများအလိုက် ကျင်းပပြုလုပ်လျက်ရှိပြီး ယမန်နေ့ နံနက်ပိုင်းက ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒ ဘာသာရပ် ကို ပဲခူးခရိုင်၊ ကဝမြို့နယ်မှ ကျောင်းသား / ကျောင်းသူများသည် မြို့နယ်အတွင်းရှိ စာစစ်ဌာန(၃)ခုတို့တွင် ဖြေဆိုလျက်ရှိရာ
Apr 07,2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်း မောင် သည် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းက ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ သံဃာတော်အရှင်သူ မြတ်များအား ဘွဲ့တံဆိပ်တော်များ လိုက်လံဆက်ကပ်လှူဒါန်းခဲ့ကြသည်။
Apr 07,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့မွန်းတည့် ၁၂ နာရီ အချိန်က စာဖတ်ခြင်း အကျိုးကျေးဇူးဆွေးနွေးပွဲ Talk Show ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
Apr 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများ Book Club အဖွဲ့၊ စာဖတ်ပရိသတ်တို့ ပူးပေါင်း၍ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Apr 07,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပညာရေးဦးစီးဌာနနှင့်တို့ ပူးပေါင်း၍ နွေရာသီအခြေခံ အေရိုးဗစ်သင်တန်းကို မြို့နယ် Community Centre ခန်းမ၌ ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
Apr 07,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် လမ်းမတော်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးမထိုးနှံရသေးသူ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို ဧပြီလ (၅) ရက်နေ့ နံနက် ၉ နာရီအချိန်က အ.လ.က (၂) ကျောင်း၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။