မြန်အောင် မေ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ယမန်နေ့ နံနက် ၈ နာရီအချိန်တွင် ခရိုင်လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ခရိုင်တာဝန်ခံ ရဲအုပ်လွှမ်းမိုးထွန်းက လူကုန်ကူးမှုအန္တရာယ်နှင့်အကြောင်း ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် လူမှောင်ခိုကူးခြင်း၊ လူကုန်ကူးခြင်း ခံရနိုင်သည့် ပတ်ဝန်းကျင် အခြေအနေများ၊ ကြိုတင်ကာကွယ်ရန်နည်းလမ်းများ၊ လူကုန်ကူးမှု တာဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ရည်ရွယ်ချက်နှင့် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ပြည်သူလူထု၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုနှင့် လိုက်နာဆောင်ရွက်ရမည့် အခြေအနေများအား သင်တန်းသူ သင်တန်းသားများနှင့် အပြန်အလှန် ဆွေးနွေးပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဟောပြောဆွေးနွေးပွဲသို့ မြို့နယ်ပြန်ဆက်ဦးစီးဌာနနှင့် ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းမှ သင်တန်းသား သင်တန်းသူများနှင့် သင်တန်းတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထွန်းဇော်ထွန်း(ပြန်/ဆက်)