ဖားဆောင်းမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးဆောင်ရွက်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ဒေသခံပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သိရှိလိုက်ဆောင်ရွက်ခြင်းဖြင့် မလိုလားအပ်သော ယာဉ်တိုက်မှုများ မဖြစ်ပွားစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးဆောင်ရွက်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ကို ယနေ့နံနက်ပိုင်းက မြို့လယ်လမ်းဆုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။