လွိုင်ကော် ဩဂုတ် ၁၄
COVID-19 စီးပွားရေးကုစားမှု အစီအစဉ် (COVID-19 Economic Relief Plan-CERP) အရ ကယားပြည်နယ်တွင် မိုးစပါးမျိုးစေ့ထုတ် ဧက(၁၅၀၀) အတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ကယား ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးဌာန နှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီး ဦးခင်မောင်ဖြူ က COVID-19 စီးပွားရေးကုစားမှုအစီစဉ် (COVID-19 Economic Relief Plan-CERP) အရ ကယားပြည်နယ်အတွင်းရှိ မြို့နယ် (၃)ခုတွင် မိုးစပါးမျိုးစေ့ထုတ် ဧက(၁၅၀၀) ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၊ CERP အစီအစဉ်အရ မျိုးစေ့ထုတ်မည့် တောင်သူများ ကိုလည်း မျိုးစေ့၏တန်ဖိုး ၊ မြေပြုပြင်ခြင်း ၊ မျိုးကွဲနုတ်ပယ်ခြင်းနှင့် မျိုးစေ့သန့်စင်ခြင်း လုပ်ငန်းများအတွက် နိုင်ငံတော်မှ တစ်ဧကလျှင် ငွေကျပ်(၁၄၈၅၀ဝ/-) နှုန်းဖြင့် ဧက(၁၅၀၀)အတွက် စုစုပေါင်း ငွေကျပ်သန်း(၂၂၂.၇၅)သန်း ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ကယား ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက COVID-19 စီးပွားရေး ကုစားမှုအစီစဉ် (COVID-19 Economic Relief Plan-CERP) အရ ကယားပြည်နယ် အတွင်း မိုးစပါးမျိုးစေ့ထုတ် ဧက(၁၅၀၀) အတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေပေးအပ်ခြင်း အကြောင်းကိုရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကယားပြည်နယ် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးဌာန နှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီး ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး နှင့် စည်ပင်သာယာရေး နှင့် လူမှုရေးဝန်ကြီးဌာန ဝန်ကြီးတို့က လွိုင်ကော်မြို့နယ် ၊ ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ် တို့ရှိ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားသို့ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးဌာန နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ၊ စည်ပင် သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန ဝန်ကြီး ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ၊ ပြည်နယ် ဥပဒေချုပ် ၊ ဗမာ တိုင်းရင်းသားရေးရာ ဝန်ကြီး ၊ ပြည်နယ် စာရင်းစစ်ချုပ် ၊ ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)