ကယားပြည်နယ်

လွိုင်လင်မြို့၌ ကိုဗစ်-၁၉ အတည်ပြုလူနာ(၉)ဦးတွေ့ရှိ

ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး)၏ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် စစ်ဆေး တွေ့ရှိခဲ့ပြီး ယမန်နေ့ည (၈)နာရီထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာ(၂၄)ဦးရှိကြောင်းနှင့် ၎င်းတို့အနက်မှ (၉)ဦးသည် လွိုင်လင်မြို့၌ အသွားအလာကန့်သတ်ထားရှိသူများ၊ နေအိမ်တွင် ကန့်သတ်စောင့်ကြည့်ထားသူများ ဖြစ်ကြောင်းသိရသည်။

မယ်စဲ့မြို့နယ်တွင် အခွန်လွတ် သာသနာ့မြေဂရန် ထုတ်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် အခွန်လွတ်သာသနာ့မြေ ဂရန် လျှောက်ထားတင်ပြလာမှုအပေါ် ထုတ်ပေးနိုင်ရေး အတွက် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအယ်လ်ဖောင်းရှို၊ ဘောလခဲခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့က မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ လိုက်လံနှိုးဆော်

ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနမှ အများပြည်သူ သိရှိလိုက်နာရမည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မြို့မကျေးရွာအုပ်စုနှင့် မာခရော်ရှေ့ကျေးရွာအုပ်စုတို့တွင် လိုက်လံ နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။

ဒီးမော့ဆိုမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် Mask တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်တွင် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ပေါ်စေရေးအတွက် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် (၈) နာရီအချိန်က ဒီးမော့ဆိုမြို့ စိုက်ပျိုးရေးသိပ္ပံ ကျောင်းရှေ့တွင် ပြင်ပသို့ ထွက်ခွာ သွားလာနေသော ပြည်သူများအား နှာခေါင်းစည်း တပ်ဆင်ခြင်း ရှိ/ မရှိ စစ်ဆေး  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နောင်ဘိုကြီးကျေးရွာတွင် ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် နောင်ဘိုကြီးကျေးရွာအုပ်စု နောင်ဘိုကြီးကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ယမန်နေ့က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဌာရေးနှစ် ပြည်ထောင်စု/ပြည်နယ်ရန်ပုံငွေများဖြင့် ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအယ်လ်ဖောင်းရှို၊ ခရိုင်တည်ဆောက်ရေးနှင့်အရည်အသွေးစစ်ဆေးရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်နှင့် ကော်မတီဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ဒီးမော့ဆိုမြို့၌ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်နိုင်ရေး စစ်ဆေးဆောင်ရွက်

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး စံသတ်မှတ်ချက်နှင့် အညီ ဆောင်ရွက်ထားရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခွင့် ပြုမည်ဖြစ်ရာ ယမန်နေ့ နံနက်ပိုင်းက စံသတ်မှတ်ချက်များနှင့် အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် တင်ဒါအောင်မြင်သော ကုမ္ပဏီများနှင့် တွေ့ဆုံရှင်းလင်းပွဲ အခမ်းအနားကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင်၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်အတွင်း ဘောလခဲမြို့နယ် ကျေးလက်ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်မည့် တည်ဆောက်ရေး လုပ်ငန်းများ တွေ့ဆုံဆွေးနွေးရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

လွိုင်ကော်မြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးVideo Conferencing စနစ်ဖြင့် ကျင်းပ

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ကယားပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအရ လူစုလူဝေးဖြင့် ကျင်းပခြင်းမပြုဘဲ Video Conferencing စနစ်ဖြင့်ကျင်းပပြုလုပ်ခဲ့သည်။

လွိုင်ကော်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေး ကျင်းပ

၂၀၂၀- ၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်တွင် ကယားပြည်နယ် လွိုင်ကော်မြို့နယ်အတွက် သတ်မှတ် လျာထားသော ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း(၁၀၀၀) ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ကယားပြည်နယ်