ကယားပြည်နယ်

ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှုမရှိစေရေး ကုန်တင်ကားပိုင်ရှင်များနှင့် တွေ့ဆုံဆွေးနွေး

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် အမြို့မြို့ အနယ်နယ် သို့ ကုန်စည်သယ်ယူပို့ဆောင်နေသည့် ကုန်တင်ကားများ ကျန်းမာရေး ညွှန်ကြားချက်နှင့်အညီ စနစ်တကျ ဖြစ်စေရေး ကုန်ကားပိုင်ရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။

မယ်စဲ့မြို့နယ်တွင် Quarantine ဝင်ရောက်နေသူ(၅)ဦးအား ကျန်းမာရေးထောက်ခံချက်ထုတ်ပေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် Quarantine Centre များ ဖွင့်လှစ်၍ ပြည်တွင်း/ပြည်ပ ပြန်လည်ဝင်ရောက်လာသူများအား အသွားအလာ ကန့်သတ်စောင့်ကြည့်ခဲ့ရာ ယမန်နေ့ နံနက် ၁၀ နာရီက ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ သတ်မှတ်ချက်များ ပြည့်မီသူ အမျိုးသား(၅)ဦးအား ကျန်းမာရေးထောက်ခံချက် များ ထုတ်ပေးခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးများအား အခန်းကဏ္ဍအသီးသီးတွင် ပိုမိုမြှင့်တင်ဆောင်ရွက်ရန်နှင့် မသန်စွမ်းသူများနှင့်ပက်သက်သော အကြောင်းအရာများကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစရှိသည့် အခန်းကဏ္ဍများတွင် ပိုမိုထည့်သွင်း စဉ်းစားနိုင်ကြစေရန် ရည်ရွယ်၍ ဒီဇင်ဘာ ၃ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပခဲ့သည်။

ဒီးမော့ဆိုမြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အသိပညာပေး ဆိုင်းဘုတ် စိုက်ထူခြင်း ဆောင်ရွက်

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်းကို ယမန်နေ့ ညနေပိုင်းက ဒီးမော့ဆိုမြို့နယ်ရှိ လူသွားလူလာ များပြားသည့် နေရာများ၌ စိုက်ထူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လွိုင်ကော်မြို့၌ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ်  လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအရ လူစုလူဝေးဖြင့် ကျင်းပခြင်းမပြုဘဲ  Video Conferencing စနစ်ဖြင့်ကျင်းပပြုလုပ်ခဲ့သည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ(၂)ဦးထပ်မံတွေ့ရှိ

ကယားပြည်နယ်အတွင်း အသွားအလာ ကန့်သတ်ခြင်း ခံထားရသူ (၃၀၇)ဦး၏ ဓာတ်ခွဲ နမူနာများကို (၁.၁၂.၂၀၂၀) ရက်နေ့တွင် တောင်ကြီးမြို့ ၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန(PHL)သို့ ပေးပို့စစ်ဆေးခဲ့ရာ (၂.၁၂.၂၀၂၀) ရက်နေ့ တောင်ကြီးမြို့ ၊ ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(PHL)၏ ဆေးစစ်ဆေးချက်အဖြေ ထုတ်ပြန်ချက်အရ (၂)ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိ (ပိုးတွေ့ရှိ) ရကြောင်း သိရှိရသည်။

ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် တည်ဆောက်သည့် အင်အားသစ် စာကြည့်တိုက် အဆောက်အဦးသစ်ဖွင့်လှစ်

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပိန်းချစ်ကျေးရွာတွင် ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သည့် အင်အားသစ် စာကြည့်တိုက် အဆောက်အဦးသစ်ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါ အဆောက်အဦးသစ်၌ ကျင်းပခဲ့သည်။

မယ်စဲ့မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပြည်နယ်ရန်ပုံငွေ ဖြင့် ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ယမန်နေ့က ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းရွှေနှင့် ကော်မတီဝင်များက ကြည့်ရှုစစ်ဆေး ခဲ့ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစိုင်းပွန်းနှင့် အင်ဂျင်နီယာ ဒေါ်သိမ့်တွယ်တာ တို့က လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာတစ်ဦးထပ်မံတွေ့ရှိ

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် (၁-၁၂-၂၀၂၀)ရက်နေ့တွင် လွိုင်ကော်မြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသော Community Based Facility Quarantine များမှ Quarantine ဝင်ရောက်နေသူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ အသက် (၁၇)နှစ်အရွယ် အမျိုးသမီးတစ်ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ (ပိုးတွေ့ရှိ)ရကြောင်း သိရသည်။

ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ၌ ဖွင့်လှစ်ခဲ့သည့် သင်တန်းသို့ တက်ရောက် ရာတွင် စံပြသင်တန်းသားဆု ရရှိသူအား ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်

ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ ၂ ရက်နေ့ ၊ နံနက် ၉ နာရီအချိန်က ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ၌ဖွင့်လှစ်ခဲ့သည့် သင်တန်းသို့ တက်ရောက်ရာတွင် စံပြသင်တန်းသားဆု ရရှိသူအား ဂုဏ်ပြုဆု ချီးမြှင့်ပေးအပ်ခြင်းများ ဆောင်ရွက်သည်။
Subscribe to ကယားပြည်နယ်