ဖား​ဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် Mask Campaign ပြုလုပ်ခြင်း အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်

ဖား​ဆောင်း ဒီဇင်ဘာ ၁၅

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်အပြင်ထွက်ပါက နှာခေါင်းစည်း တပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီက မြို့တွင်း လမ်းဆုံ၊​​ မြောက်ပိုင်းရပ်ကွက် (အထက)​ကျောင်း​ရှေ့နှင့် ပူး​ပေါင်းကျန်းမာ​ရေးစစ်​ဆေး​ရေးဂိတ်တို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ် ဒေါ်နန်း​ထွေးသူ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များနှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ လမ်းသွား လမ်းလာပြည်သူများနှင့် ဈေးရောင်း ဈေးဝယ် ပြည်သူများအား Mask များ အခမဲ့ဝေငှပေးခြင်း၊  ကျန်းမားရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက် ကြရန် အသိပညာပေးခြင်းနှင့်အတူ ကျန်းမာ​ရေးဝန်ထမ်းများက ​နေအိမ်ပြင်ပထွက်ခွာပါက မဖြစ် မ​နေ(Mask)တပ်ဆင်​ရေး၊ လက်ကိုစနစ် တကျ ဆေး​ကြော​ရေး အသံချဲ့စက်ဖြင့်​ ဆော်သြခြင်း ​ဆောင်ရွက်ခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)