ဖရူဆို ဒီဇင်ဘာ ၁၅
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးအတွက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း အရှိန်အဟုန် မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီအချိန်က လူထုလှုပ်ရှားမှုအဖြင့် မြို့ဝင်လမ်းဆုံ၌ ဖြတ်သန်းသွား လာနေသော ပြည်သူများအား နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ကူးစက်မှုနှုန်း များပြားလာသည့် ကိုဗစ်-၁၉ ရောဂါကို ကြိုတင် ကာကွယ်နိုင်ရန်အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများအား မဖြစ်မနေ နှာခေါင်းစည်း(Mask) တပ်ဆင်ပြီး သွားလာကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ လမ်းညွှန်ချက်များ၊ စည်းကမ်းချက် များကို အလေးထားလိုက်နာ နေထိုင်သွားလာ ကြရန်နှင့် ကျန်းမာရေးအသိ၊ ကျန်းမာရေး သတိရှိ စေရေး အသိပညာပေးပြီး နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်းမရှိသူများအား အခမဲ့ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
တောရယ်(ပြန်/ဆက်)