ကယားပြည်နယ်

ဘောလခဲမြို့၏ အသက်သွေးကြော ပွန်ချောင်းရေ စံချိန်တင်ကျဆင်း

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့၏ အသက်သွေးကြောပမာ အမီပြုနေထိုင်ကြရသော ပွန်ချောင်းရေသည် ထူးကဲစွာ ကျဆင်းပြီး ရေအောက်ကျောက်ဆောင်များ ပေါ်ထွက်သည့်အထိ ဖြစ်ပေါ် နေသည်။

လွိုင်ကော်မြို့နယ်အတွင်းရှိ ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသောဒေသများ သတ်မှတ်စီစစ် ရွေးချယ်နိုင်ရေး ညှိနှိုင်း အစည်းဝေး

လွိုင်ကော်မြို့နယ်အတွင်းရှိ ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသော ဒေသများတွင် တာဝန် ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများအတွက် ဒေသစရိတ်များ ထောက်ပံ့နိုင်ရန် သတ်မှတ် စီစစ်ရွေးချယ်နိုင်ရေး အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မယ်စဲ့မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်မည့် ဦးစားပေး လုပ်ငန်းများ အတည်ပြု

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်သူလူထုကိုယ်တိုင် ကျေးရွာ၏ ပကတိလိုအပ်ချက်များဖော်ထုတ်ပြီး ဖွံ့ဖြိုးရေးအစီအစဉ်တစ်ရပ် ဖြစ်ပေါ်လာစေရန် ရည်မှန်း၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံကိန်း (VDP)ဖြင့် ဆောင်ရွက်မည့် ဦးစားပေးလုပ်ငန်းများ အတည်ပြုခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဒီးမော့ဆိုမြို့မဈေးတွင် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေ

၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆို ဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေလျက်ရှိသော သတင်းစကား လက်ကမ်းစာစောင်ကို ဒီဇင်ဘာ ၃၀ ရက် နံနက် ၁၀ နာရီက ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် မြို့မဈေး၌ ဝင်ထွက်သွားလာနေသော ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့၌ မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ ၂၀၁၇ အရ ကုမ္ပဏီများအတွက် အခြေခံလိုအပ်သည့် အချက်များအား အသိပညာပေး ရှင်းလင်းဆွေးနွေး

မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ ၂၀၁၇ အရ ကုမ္ပဏီများအတွက် အခြေခံလိုအပ်သည့် အချက်များအား အသိပညာပေး ရှင်းလင်း ဆွေးနွေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့နယ်၊ နောင်ယား (က)ရပ်ကွက်ရှိ GOLD Hotel ၌ ကျင်းပပြုလုပ်ခဲ့ သည်။

လွိုင်ကော်မြို့နယ် ပညာရေးကောလိပ် (Community Based Facility Quarantine Center) တွင် လျှပ်စစ်မော်တာပန့်များ ပြုပြင်ဆောင်ရွက်နိုင်ရန်အတွက် အလှူငွေများ လာရောက်လှူဒါန်း

လွိုင်ကော်မြို့နယ် ပညာရေးကောလိပ်တွင် ဖွင့်လှစ်ထားရှိသော Community Based Facility Quarantine Center တွင် အသုံးပြုလျက်ရှိသည့် လျှပ်စစ်မော်တာပန့်များ ပြုပြင်ဆောင်ရွက်နိုင်ရန် အတွက် ယမန်နေ့ မွန်းလွဲပိုင်းက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်ရုံးခန်း၌ လျှံထူးအောင် ကုမ္ပဏီမှ ငွေကျပ်(၁၀)သိန်းအား လာရောက်လှူဒါန်းရာ ကယားပြည်နယ် ခေတ္တဝန်ကြီးချုပ် ဦးဘောစ့်ကိုက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့နယ်၊ လင်ဖုံလေးကျေးရွာတွင် စိုက်ပျိုးလျက်ရှိသည့် ဒေသထွက် ဂေါ်ဖီပန်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသော်လည်း စျေးနှုန်းများကျဆင်း

လွိုင်ကော်မြို့နယ် နွားလဝိုးကျေးရွာအုပ်စု၊ လင်ဖုံလေးကျေးရွာတွင် သီးနှံများကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ ဆောင်းသီးနှံအဖြစ် ခရမ်းချဉ်သီး၊ ဂေါ်ဖီပန်း၊ ဂေါ်ဖီထုပ်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိသည်။

ဒီးမော့ဆိုမြို့နယ်တွင် စီမံကိန်းရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်အဆင့် စီမံကိန်း ရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီများနှင့် တွေ့ဆုံဆွေးနွေး

ဒေသဖွံ့ဖြိုးရေးကွန်ယက် (LDN) မှ ပြည်သူလူထုကိုယ်တိုင် ဦးဆောင်သော ဖွံ့ဖြိုးရေးကို မြှင့်တင်ခြင်းဆိုင်ရာ စံနမူနာ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အဆိုပါ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်အဆင့် စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

တရားစီရင်ရေး မဟာဗျူဟာစီမံကိန်းအရ မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် ရှင်းလင်းပွဲ ဘောလခဲမြို့နယ်တွင် ကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် ၏ နိုင်ငံတဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် (National Case Management Program-NCMP) အား ဘောလခဲခရိုင်နှင့် မြို့နယ်တရားရုံးများတွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင် ဆောင်ရွက်သွားမည်ဖြစ်သဖြင့် တရားစီရင် ရေး မဟာဗျူဟာကီမံကိန်းအရ မှုခင်းစီမံခန့်ခွဲမှု အစဉ်အစီအား ရှင်းလင်းဆွေးနွေးပွဲအား ယနေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဉီးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဖားဆောင်းမြို့နယ်တွင် က​လေးသူငယ် ကာကွယ်​​စောင့်​ရှောက်​ရေး အသိပညာ​ပေး​ဟော​ပြောပွဲပြုလုပ်

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၊​ မြောက်ပိုင်းရပ်ကွက် အုပ်ချုပ်​ရေးမှူးရုံး၌ ယနေ့နံနက်(၁၀)နာရီက မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနရုံးမှ ကြီးမှူး၍ က​လေးသူငယ် ကာကွယ်​ စောင့်ရှောက်​ရေး အသိပညာ​ပေး ​ဟော​ပြောပွဲပြုလုပ်ခဲ့သည်။
Subscribe to ကယားပြည်နယ်