ဘောလခဲ ဇန်နဝါရီ ၁
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့၏ အသက်သွေးကြောပမာ အမီပြုနေထိုင်ကြရသော ပွန်ချောင်းရေသည် ထူးကဲစွာ ကျဆင်းပြီး ရေအောက်ကျောက်ဆောင်များ ပေါ်ထွက်သည့်အထိ ဖြစ်ပေါ် နေသည်။
နှစ်စဉ်မေလမှ သာပွန်ချောင်းရေ ပုံမှန်ကျဆင်းနေလျက်ရှိရာ ယခုနှစ်မှာ ပင်ထူးခြားစွာ ဒီဇင်ဘာလ မကုန်ခင်ကပင် ကျဆင်းနေသည့်အတွက် ဘောလခဲမြို့နေ ဒေသခံပြည်သူများမှာ စိုးရိမ်မှုများရှိနေကြပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးလာမှုနှင့်အညီ စည်းကမ်းမဲ့စွာ တောမီးရှို့မှု၊ ပလတ်စတစ် အမှိုက်သရိုက်များ စည်းကမ်းမဲ့စွာ စွန့်ပစ်မှု၊ ရေထွက်များတွင် သစ်တောများအား ခုတ်ထွင်ခဲ့မှုများ တို့ကြောင့် ယခုလို ပွန်ချောင်းရေ လျော့နည်းလာရခြင်း ဖြစ်မည်ဟု ဒေသခံများက သုံးသပ်လျက်ရှိသည်။ ရာသီဥတုအနေ အထားအရ နှစ်စဉ်ပုံမှန်ထက် မိုးနည်းခြင်း၊ ဆောင်းကာလ နှင်းများမကျခြင်းကြောင့် ပြောင်းလဲလာ သော သဘာဝရေမြေ အနေအထားအရ ယခုလိုစံချိန်တင် ကျဆင်းနေရကြောင်း ဘောလခဲမြို့ ကယားပိုင်းရပ်ကွက်နေ ဒေသခံ ဦးဘူးရယ်ထံမှလည်း ကြားသိခဲ့ရသည်။
လှရွှေ