ကယားပြည်နယ်

ရှားတောမြို့၌ မြို့နယ်အဆင့် ကျန်းမာရေးဖွံ့ဖြိုးမှုအတွက် ပူးပေါင်းဆောင်ရွက်မှုများ ညှိနှိုင်းအစည်းအဝေး ကျင်းပ

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်တွင် မြို့နယ်အဆင့်ကျန်းမာရေးဖွံ့ဖြိုးမှုအတွက် ဌာနဆိုင်ရာအချင်း ချင်း၊ မိတ်ဖက်အဖွဲ့ အစည်း အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများ ညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ နေ့လယ် (၁)နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီး ဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ သည်။

ဖား​ဆောင်းမြို့၌ မြစိမ်း​ရောင်​​ကျေးရွာစီမံကိန်း ​ငွေစာရင်းထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ်

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၊​ ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနမှ မြစိမ်း​ရောင်​ကျေးရွာစီမံကိန်းရန်ပုံ​ငွေ စီမံခန့်ခွဲမှုနှင့် ​ငွေစာရင်းထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲကို ယမန်​နေ့က အဆိုပါ ဦးစီးဌာန အစည်းအ​ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရွာသစ်မြို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက် သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါ နေရာများ၌ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် ပထမဆုံး ကိုဗစ်-၁၉ အတည်ပြုလူနာတစ်ဦးနှင့် Quarantine Centre (၂)ခုမှ အသွား အလာကန့်သတ်ထားသူများ သတ်မှတ်ရက်ပြည့်မြောက်၍ နေအိမ်ပြန်ခွင့်ရ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ပထမဆုံး ကိုဗစ် အတည်ပြုလူနာတစ်ဦးနှင့် မြို့နယ် အားကစားရုံ၊ မြို့နယ်ခန်းမ Quarantine Centre တို့တွင် အသွားအလာ ကန့်သတ် ထားသူ (၆)ဦး၊ စုစုပေါင်း (၇)ဦးသည် သတ်မှတ်ကာလ (၁၄)ရက်ပြည့်မြောက်သဖြင့် ယမန်​နေ့က ၎င်းတို့၏ နေအိမ် အသီးသီးသို့ ပြန်လည်စေလွှတ်ခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဒီးမော့ဆိုမြို့နယ်တွင် နိုင်ငံတော်မှ ပြန်လည်စွန့်လွှတ်သော ယာမြေ၌ တောင်သူများ ယာယီပုံစံ(၃) ပေးအပ် နိုင်ရေး ကွင်းဆင်းစိစစ်ဆောင်ရွက်

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် စံပြ(၆)မိုင်ကျေးရွာအုပ်စုတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ငွေတောင်မျိုးသန့် ခြံအဖြစ် ဆောင်ရွက်ခဲ့သော ဝမ့်လထွား ကျေးရွာ(ရွှေပန်းတော) ကွင်းအမှတ်/ အမည်(၂၂/ဝမ့်လထွားအရှေ့ ကွင်း)၊ ၁၂/ဝမ့်လထွား ရွာတွင်းရှိ ယာမြေအမျိုးအစား၊ ဦးပိုင်အမှတ် (၅/၂)၊ ဧရိယာ ၄၉ ဒသမ ၂၃ ဧကရှိမြေကို နိုင်ငံတော်မှ ပြန်လည်အပ်နှံမှုအပေါ် ကျေးရွာမြေအဖြစ် ၂၉ ဒသမ ၉၃ ဧက အသုံးပြုခဲ့ပြီး ကျန်ရှိသော ယာမြေ ၁၉ ဒသမ ၃၀ ဧကအား တောင်သူ လေးဦးထံ ယာယီပုံစံ(၃) ပေးအပ်နိုင်ရန်အတွက် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက လွှတ်တော်ကိုယ်စား လှယ်များနှင့် တာဝန်ရှိသူများက ကွင်းဆင်းစိစစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ် ယူဆမိုဆိုကျေးရွာတွင် အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက် ဒေသရှိ လူငယ်လူရွယ်များ အလုပ်အကိုင် အခွင့်အလမ်းနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်း များ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် သင်တန်းများ

ရှားတောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် စားသောက်ဆိုင် များအား လိုက်လံစစ်ဆေးခြင်းနှင့် ပညာပေးခြင်းလုပ်ငန်းဆောင်ရွက်

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အတွက် မြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား လိုက်လံစစ်ဆေး ပညာပေးခြင်းကို ယမန်နေ့ ညနေ(၄)နာရီအချိန်က ကွင်းဆင်းဆောင်ရွက် ခဲ့သည်။

ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၌  ရင်းနှီးမြှုပ်နှံမှုကော်မတီ(၅/၂၀၂၀)အစည်းအဝေးကျင်းပ

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ (၄/၂၀၂၀) ကြိမ်မြောက် ကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် သဘာဝ ဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေး လုပ်ငန်းများ လိုက်လံနှိုးဆော်

ကယားပြည်နယ်၊​​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အများပြည်သူ သိရှိလိုက်နာရမည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေး

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ လိုက်လံနှိုးဆော်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ဘောလခဲမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ အများပြည်သူ သိရှိ လိုက်နာရမည့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက တောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်၊ ဝမ်လွဲ့ ကျေးရွာ၊ လွယ်ဝိုင်းကျေးရွာတို့တွင် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
Subscribe to ကယားပြည်နယ်