ရွာသစ်မြို့ လွယ်ဝိုင်းကျေးရွာတွင် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး တောင်သူနည်းပညာသင်တန်း ဖွင့်လှစ်ပေး
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့ရှိ လွယ်ဝိုင်းကျေးရွာ၌ ဒေသခံ တောင်သူများအား စိုက်ပျိုးရေး ဆိုင်ရာ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာနမှ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး တောင်သူနည်းပညာပေး သင်တန်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ ခန်းမဆောင်၌ ဖွင့်လှစ်ကြောင်း သိရသည်။