ဖရူဆိုမြို့၌ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် မီးဘေးအသိပညာပေး လိုက်လံနှိုးဆော်
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ ရပ်ကွက်နေ ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရန်အတွက် မီးဘေးအသိပညာပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များတွင် အသံချဲ့စက်များဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။