ဖားဆောင်းမြို့နယ် မြို့ပေါ်ရပ်ကွက်များတွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး မြန်မာ၊ ရှမ်း၊ ကယားသုံးဘာသာဖြင့် အသိပညာပေး နှိုးဆော်
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ကိုဗစ်−၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံမှုမှ ကြိုတင်ကာကွယ်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၈)နာရီ အချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် စေတနာ့ဝန်ထမ်းတို့က ပူးပေါင်း၍ မြို့ပေါ် ရပ်ကွက်များတွင် မြန်မာ၊ ရှမ်း၊ ကယား သုံးဘာသာဖြင့် လိုက်လံနှိုးဆော်ခြင်း ဆောင်ရွက်ခဲ့သည်။