ကယားပြည်နယ် အစိုးရအဖွဲ့က ပြည်သူများအား အခြေခံစားကုန် ၊ အဝတ်အထည်နှင့် နှာခေါင်းစည်း (Mask) များလှူဒါန်း

လွိုင်ကော်    ဖေဖော်ဝါရီ   ၁၇

ကယားပြည်နယ် အစိုးရအဖွဲ့က လွိုင်ကော်မြို့နေ ပြည်သူများအား အခြေခံစားကုန်၊ အဝတ်အထည်နှင့် နှာခေါင်းစည်း (Mask) များ ပေးအပ် လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ သာသနာ့ ဗိမာန်တော်ကြီး၌  ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကယားပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ဦးဆောင်သော ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အစိုးရအဖွဲ့ဝင်၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူတို့က ပြည်သူ (၅၀၀)ဦးခန့်အား အခြေခံစားသောက်ကုန်ဖြစ်သော ဆီ၊ အဝတ်အထည်အနေဖြင့် ဆောင်းရာသီဝတ် လူကြီး၊ လူငယ်အနွေးထည်များ၊ စပို့ရှပ်အင်္ကျီများနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ နှာခေါင်းစည်း (Mask)များ ပေးအပ်လှူဒါန်းခဲ့သည်။

အဆိုပါ လှူဒါန်းပွဲအား ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ပြီး ကယားပြည်နယ် အစိုးရအဖွဲ့အနေဖြင့် လွိုင်ကော်မြို့ပေါ်တွင် ပြည်သူများအား အခြေခံစားကုန်နှင့် အသုံးဆောင်များကို ဆဋ္ဌမအကြိမ်မြောက် လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)