ကယားပြည်နယ်

၂၀၂၅ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

၂၀၂၅ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ကယားပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသမီးအလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်မှချမှတ်ထားသည့် အားကစားဆိုင်ရာမူဝါဒ လမ်းညွှန်ချက်များနှင့်အညီ ပြည်နယ်၏အားကစားကဏ္ဍတိုးတက်မြင့်မားစေရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသမီးအလွတ်တန်းဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယ‌မန်နေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ပြည်နယ်အားကစားကွင်း၌ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းကစားသမားများ၊အုပ်ချုပ်သူနည်းပြများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားဝါသနာရှင်များတက်ရောက်အားပေးကြသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် မြို့သန့်ရှင်းသာယာရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် သီရိမင်္ဂလာတောင် (တောင်ကွဲ)စေတီတော်နှင့် မိုဃ်းကောင်းဘုရားကြီး သန့်ရှင်းသာယာရေးလုပ်ငန်းများဆောင်ရွက်မှုနှင့် အိမ်ရာများနှင့် တက္ကသိုလ်ဓမ္မာရုံပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။

ပြည်သူများသို့ MEVM အသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးခြင်း ဆောင်ရွက်မှု လွိုင်ကော်၌ ကျင်းပ

လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ မှန်ကန်မြန်ဆန်လွယ်ကူစွာဖြင့် ဆန္ဒမဲပေးနိုင်ရန် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)များ အသုံးပြုသွားမည်ဖြစ်ရာ လွိုင်ကော်မြို့နေ ပြည်သူများသို့ အသိပညာပေးခြင်းနှင့် စမ်းသပ်ဆန္ဒမဲပေးခြင်းကို ယနေ့နံနက်က နောင်ယား(က) ရပ်ကွက် မြို့ပြနှင့်အိမ်ရာဦးစီးဌာန၊ ဝန်ထမ်းအိမ်ရာ ဓမ္မာရုံ၌ကျင်းပရာ ကယားပြည်နယ် အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်မျိုးသန်းနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးခဲ့သည်။

ကယားပြည်နယ်အတွင်း အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး လွိုင်ကော်၌ ကျင်းပ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး(ယာယီ) အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအားလုံး တက်ရောက်ခဲ့သည်။

၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု ကယားပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် အဖွဲ့ဝင်များ ကွင်းဆင်းစစ်ဆေး

သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေ စုစုပေါင်း(၁၀၀၈.၆၉၂)ကျပ်သန်း လမ်း(၈)လမ်း၊ Box Culvert (၁)စင်း တည်ဆောက်ခြင်း လုပ်ငန်းများ (၁၀၀%) ဆောင်ရွက်ပြီးစီးပြီဖြစ်ပါ၍ ကျေးလက်လမ်း၊ တံတားလုပ်ငန်းများအား ကယားပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးဦးအောင်မျိုးသန်းနှင့် ပြည်နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေး ကော်မတီအဖွဲ့ဝင်များသည် ယမန်နေ့နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် နေအိမ်ရေဝင်ရောက်သော ပြည်သူများနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား စားသောက်ဖွယ်ရာများ ပေးအပ်

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်က လွိုင်ကော်မြို့၊ ဈေးပိုင်းရပ်ကွက်၊ ဥတ္တရာရုံဘုန်းတော်ကြီးကျောင်းရှိ ရေဘေးရှောင်ပြည်သူများနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများသို့ စားသောက်ဖွယ်ရာများပေးအပ်၍ ဘီလူးချောင်းရေ ဝင်ရောက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း လွိုင်ကော်တွင် ကျင်းပ

မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို စက်တင်ဘာလ ၁ ရက်နေ့နံနက်က လွိုင်ကော်မြို့၊ မင်္ဂလာရပ်ကွက်၊ မိုးကောင်းဘုရားကြီးဓမ္မာရုံ၌ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်မျိုးသန့်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVN)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့၊ ရေကြီးရေလျှံမှုမှကာကွယ်ရန် ဘီလူးချောင်းရေလမ်းကြောင်းရှင်းလင်းနေမှု၊ စိုက်ပျိုးရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ် ငန်းများဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မိုးသည်ထန်စွာရွာသွန်းမှုကြောင့် ဘီလူးချောင်းရေမြင့်တက်၍ လွိုင်ကော်မြို့နယ်ရှိ အနိမ့်ပိုင်းရပ်ကွက်ကျေးရွာများတွင် ရေကြီးရေလျှံမှုနှင့် ဘီလူးချောင်းကမ်းနားတစ်လျှောက်ရှိ သီးနှံစိုက်ခင်းများ ရေကြီးနစ်မြုပ်မှုမှကာကွယ်နိုင်ရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လွိုင်ကော်မြို့ သတ္တဗလူကျေးရွာအနီး ဘီလူးချောင်းရေစီးကွေ့တစ်လျှောက် သဲနုန်းတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ စိုက်ပျိုးရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများအားသွားရောက်ကြည့်ရှုစစ်ဆေးသည်။

လွိုင်ကော်မြို့၌ ဥပဒေရေးရာဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ် အရုဏ်ဆွမ်း ကပ်လှူခြင်းနှင့် နှစ်ပတ်လည်အခမ်းအနား ကျင်းပ

ကယားပြည်နယ် ဥပဒေရေးရာဝန်ကြီးဌာ၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ်ကို ယနေ့နံနက်က ပြည်နယ်ဥပဒေချုပ်ရုံ၌ ကျင်းပရာ ပြည်နယ်ဥပဒေချုပ် ဦးကြည်မြိုင်၊ ပြည်နယ်ဥပဒေအရာရှိ ဦးကျော်မင်းနိုင်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဝန်ထမ်းများက ဆရာတော်၊ သံဃာတော်များထံမှ (၉) ပါးသီလခံယူ ဆောက်တည်ကာ အရုဏ်ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
Subscribe to ကယားပြည်နယ်