ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်တက္ကသိုလ် ၂၀၂၅ ပညာသင်နှစ် ပထဝီဝင်(မိသားစု)၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ တက်ရောက်ချီးမြှင့်
လွိုင်ကော်တက္ကသိုလ် ၂၀၂၅ ပညာသင်နှစ် အဝေးသင်သင်တန်းများအား စတင်ဖွင့်လှစ် သင်ကြားပို့ချလျက်ရှိရာ အဝေးသင် သင်တန်း ပထဝီဝင်(မိသားစု)၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်တက္ကသိုလ်၊ ပင်မဆောင် ကိန္နရာခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လွိုင်ကော်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။