ကယားပြည်နယ်

၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား လွိုင်ကော်တွင် ကျင်းပ

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ (World Ozone Day) အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ဆုရ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် စံပြဝက်မွေးမြူရေးခြံ၊ သီးနှံအခြောက်ခံစက်ရုံလည်ပတ်နေမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှုကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ စံပြဝက်မွေးမြူရေးခြံ၊ သီးနှံအခြောက်ခံစက်ရုံနှင့် ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်းအိမ်ရာများ ပြုပြင်ဆောင်ရွက်ပြီးစီးမှုနှင့် နောင်ယားကန်သာယာလှပရေးလုပ်ငန်းဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့ပေါ်ရပ်ကွက်များတွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးခဲ့သည့် ပြည်သူနေအိမ်များအတွက် ထောက်ပံ့ငွေများပေးအပ်

နယ်စပ်ရေးရာဝန်ကြီးဌာနက ကယားပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးခဲ့သည့် ပြည်သူနေအိမ်များ အတွက် ထောက်ပံ့သည့်ငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရား သူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများ တက်ရောက် ကြသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်နေမှုများ ကြည့်ရှုအားပေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယာယီနေရပ်စွန့်ခွာရာမှ ပြန်လည်ဝင်ရောက်နေထိုင်ကြသည့် ပြည်သူများ စနစ်တကျပြန်လည်နေထိုင်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါရပ်ကွက်/ကျေးရွာများရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ပြန်လည်ဖွင့်လှစ်သည့် ပန်းကန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းနှင့် ထေးသမ(လေ့ကျင့်ရေးအလယ်တန်းကျောင်း)များသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုကို ကြည့်ရှုအားပေးသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် နေရပ်ပြန်တောင်သူများအား ဆောင်းသီးနှံစိုက်ပျိုးရန်အတွက် နေကြာမျိုးစေ့၊ ဟင်းသီးဟင်းရွက်မျိုးစေ့များနှင့် ယူရီးယားဓာတ်မြေဩဇာများပေးအပ်ခြင်းနှင့်  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာခဲ့ရသည့်ကျေးရွာများ ပြန်လည်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကျေးရွာနေပြည်သူများ မူလအသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေး စဉ်ဆက်မပြတ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့်တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက လွိုင်ကော် မြို့၊ နွားလဝိုးကျေးရွာအုပ်စု၊ လင်ဖုံလေးကျေးရွာ၌ပြုလုပ်သည့် နေရပ်ပြန် ပြည်သူများအား ဆောင်းသီးနှံစိုက်ပျိုးရန်အတွက် နေကြာမျိုးစေ့၊ ဟင်းသီးဟင်းရွက်မျိုးစေ့များနှင့် ယူရီးယားဓာတ်မြေဩဇာများ ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ကြကြောင်း သိရသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာကျောင်းများ ထပ်မံဖွင့်လှစ်ရန်ပြင်ဆင်နေမှုနှင့် ဘာသာရေးအဆောက်အအုံများ ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများ လိုက်ပါလျက် စက်တင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့နယ်အတွင်း အကြမ်းဖက် သောင်းကျန်းသူများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အခြေခံပညာကျောင်းများထပ်မံဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုနှင့် ဘာသာရေးအဆောက်အအုံများ ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကယားပြည်နယ် သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအစည်အဝေး လွိုင်ကော်မြို့၌ ကျင်းပ

ကယားပြည်နယ် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီအစည်အဝေးကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ မူလတန်းကြိုကျောင်းခန်းမဆောင်၌ ကျင်းပရာ ကယားပြည်နယ် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးသိန်းနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့သည်။

ကယားပြည်နယ် “မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာ ဖိုရမ်-၂၀၂၅” အတွေ့အကြုံစကားဝိုင်း ဆွေးနွေးပွဲအခမ်းအနား လွိုင်ကော်တွင် ကျင်းပ

ကယားပြည်နယ်အတွင်းရှိ လူငယ်များ ထူးချွန်ထက်မြက်စွမ်းရည်ပြည့်ဝစေရန်နှင့် လူငယ်ကဏ္ဍဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ “မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာ ဖိုရမ်-၂၀၂၅” အတွေ့အကြုံစကားဝိုင်း ဆွေးနွေးပွဲအခမ်းအနားကို စက်တင်ဘာ ၉ ရက်နေ့ နေ့လယ်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များ၊ အခြေခံပညာနှင့် အဆင့်မြင့်ပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ပြည်သူများသို့ MEVM အသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးခြင်း ဆောင်ရွက်မှု ကြည့်ရှုအားပေး

လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ မှန်ကန်မြန်ဆန်လွယ်ကူစွာဖြင့်ဆန္ဒမဲပေးနိုင်ရန် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များအသုံးပြုသွားမည်ဖြစ်ရာ လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်နေပြည်သူများသို့ (MEVM)အသိပညာပေးခြင်းနှင့် စမ်းသပ်ဆန္ဒမဲပေးခြင်းကို ယမန်နေ့နံနက်က မင်းစုရပ်ကွက်၊ မင်းကျောင်းစာသင်တိုက်၌ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးသည်။

အမျိုးသားသဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှရန်ပုံငွေမှ ကယားပြည်နယ်အတွင်း ယာယီနေရပ်စွန့်ခွာ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ပြည်သူများအတွက် တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်ပွဲ လွိုင်ကော်တွင် ကျင်းပ

ကယားပြည်နယ်အတွင်း ယာယီနေရပ်စွန့်ခွာခဲ့ရသည့် ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ပြည်သူများ တက်ရောက်ကြသည်။
Subscribe to ကယားပြည်နယ်